လက်နက် တပ်ဆင်မှုမပေးနိုင်သည့်အတွက် ကရင်နီတပ်များ ယနေ့တိုက်ပွဲတွင် အထိနာ

Photo - KNDF

အကြမ်းဖက် စ.က.စကို ခုခံတော်လှန်တိုက်ခိုက်ရန် ကရင်နီပြည် တော်လှန်ရေးအင်အားစုအတွင်း တစ်နေ့ထက်တစ်နေ့ လူငယ်လူရွယ်အင်အားစုအများအပြား ဝင်ရောက်လာသော်လည်း လက်နက်တပ်ဆင်ပေးမှုအားနည်းနေသည့်အတွက် ယနေ့ နိုဝင်ဘာလ ၂၅ရက်နေ့ ဒီးမော့ဆိုမြို့မှာ ဖြစ်ပွားခဲ့သည့် အာရုံဦးတိုက်ပွဲ၌ အထိနာခဲ့ကြရသည်ဟု မြေပြင်တွင်တိုက်ပွဲဆင်နွဲနေသည့် ကရင်နီတပ်မတော် သတင်းအရင်းအမြစ်ကဆိုသည်။ 

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် စံပြခြောက်မိုင်ကျေးရွာအုပ်စု၊ ဟိုဖိတ်ကျေးရွာအတွင်း နံနက် ၅း၃၀နာရီခန့်က စ.က.စတပ်အင်အား ၁၀၀ ကျော်ထိုးစစ်ဆင်လာသည့်အတွက် ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်တို့မှ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ကြရာ KNDF တပ်သား လေးဦးတိုက်ပွဲတွင် ကျဆုံးခဲ့သည်။ 

အဆိုပါ KNDF တပ်သား လေးဦးမှာ လက်နက်များကိုယ်စီ ကိုင်ဆောင်ထားနိုင်ခြင်းမရှိသည့်အတွက် ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု KnIC မှ စုံစမ်းသိရှိရသည်။ 

အထူးသဖြင့် KNDF တပ်ထဲသို့ သင်တန်းဆင်းလူငယ်ရဲဘော်သစ်များ တစ်နေ့ထက်တစ်နေ့ အင်အားဖြည့်တင်းမှုများပြားလာသော်လည်း လက်နက်တပ်ဆင်ပေးမှုမလုပ်နိုင်သည့်အတွက် အချို့မှာလက်လုပ်တိုမှီးသေနတ်များပြန်လှည်ကိုင်ဆောင်နေကြရပြီး အချို့မှာ သေနတ်မပါပဲ တိုက်ပွဲဝင်နေကြရသည်ဟု ယနေ့တိုက်ပွဲတွင် ပါဝင်ဆင်နွဲခဲ့သည့် ကရင်နီရဲဘော်တစ်ဦးကပြောသည်။ 

ယနေ့နိုဝင်ဘာလ ၂၅ရက်နေ့တွင် စ.က.စမှ လွိုင်ကော်မှ ဒီးမော့ဆိုဘက်သို့ စစ်ကြောင်းတစ်ကြောင်းနှင့် လွိုင်ကော်မှ ရှားတောဘက်သို့စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်းနှစ်ကြောင်းထိုးခဲ့သည်။ သို့သော်ရှားတောဘက်သို့ထိုးသည့်စစ်ကြောင်းအား တစ်စုံတရာ ထူးခြားချက်များမသိရှိရသေးပေ။ 

တပ်ရင်းပေါင်း (၂၀)ရှိသည့် KNDF သည် KA နှင့်ပူးပေါင်း၍ ကရင်နီပြည်တွင် အများပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသည့် စ.က.စအား ခုခံတော်လှန်တိုက်ခိုက်နေသည့်အပြင် ပြည်သူတို့၏လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍတို့မှာ တတ်နိုင်သည့်ဘက်မှ ကူညီစောင့်ရှောက်ပေးနေလျက်ရှိသည်။ 


KnIC

လက်နက် တပ်ဆင်မှုမပေးနိုင်သည့်အတွက် ကရင်နီတပ်များ ယနေ့တိုက်ပွဲတွင် အထိနာ လက်နက် တပ်ဆင်မှုမပေးနိုင်သည့်အတွက် ကရင်နီတပ်များ ယနေ့တိုက်ပွဲတွင် အထိနာ Reviewed by THITHTOOLWIN on 21:01 Rating: 5

No comments:

Powered by Blogger.