ရေဦးမြို့နယ်မှ စိတ်ဝေဒနာရှင်တစ်ဦးအား စစ်ကောင်စီမှ ပစ်သတ်


November 16/2021

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ကွမ်းအုံကျေးရွာမှ စိတ်ဝေဒနာရှင်တစ်ဦးအား စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၅ရက်နေ့တွင် ပစ်သတ်သွားကြောင်း ဒေသခံများမှ သိရသည်။

"မနေ့က နေ့လည်ပိုင်းလောက်မှာ စစ်ကြောင်းဝင်လာတော့ အားလုံးကပြေးကုန်ကြတာ အဲစိတ်ဝေဒနာရှင်တော့ ပြေးရကောင်းမှန်း မသိဘူး အဲမှာ သူ့အကိုကလည်း သူ့ညီ မပြေးတော့ သူ့ညီနားမှာ နေနေတယ်လို့ကြားတယ် ညီဖြစ်သူကိုတော့  ပစ်သတ်သွားတာ အကိုဖြစ်တဲ့သူကိုတော့ နှိပ်စက်သွားကြတယ်လို့ သိရတယ်"ဒေသခံတစ်ဦးကပြောသည်။

ပစ်သတ်ခံရသူသည် အသက် ၃၀ ဝန်းကျင် ကိုအောင်ကိုဝင်းဆိုသူဖြစ်ကာ စိတ်ဝေဒနာ ခံစားနေရသူဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ရေဉီးမြို့အနောက်ဘက်ခြမ်းမှ ချီတက်လာသည့် စစ်ကြောင်းဖြစ်ပြီး အင်အား ၄၀ ဝန်းကျင်ခန့်ရှိကာ စစ်ကြောင်းချီတက်လာရာ လမ်းတစ်လျှောက် ရွာများတွင် မွှေနှောက်စစ်ဆေးသွားကြောင်းလည်း ၎င်းကဆက်ပြောသည်။

ထို့ပြင် ယနေ့တွင်လည်း  စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်၊ မကျီးနီအုပ်စု ဝမ်းပြည့်ကျေးရွာမှ တင်းတိန်ယံဘက်နှင့်တောကြားဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် အနီးဝန်းကျင်ရှိ ပြည်သူထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလမှစကာ စစ်ကောင်စီတပ်နဲ့ PDF တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အပြင် စစ်ကောင်စီတပ်သည် ယခုကဲ့သို့ ဒေသခံပြည်သူများအား ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့်အတွက် စစ်ရှောင်ပြည်သူတစ်ရက်တစ်ရက် ပိုများလာကြောင်း နီးစပ်သူတစ်ဦးကပြောသည်။

"ခုစစ်ရှောင်နေရတဲ့ရွာက ခန့်မှန်း‌‌ေခြ အနည်းဆုံး ၁၀ကျော်လောက်ရှိပြီ စာရင်းတိတိကျကျ ကောက်ထားတာတော့ မရှိသေးဘူး ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေ ခက်ခဲလို့ စာရင်းတိတိကျကျ ကောက်ယူဖို့ ခက်နေသေးတယ်" လို့ ‌နီးစပ်သူတစ်ဉီးကပြောသည်။


Kachin News Group 

ရေဦးမြို့နယ်မှ စိတ်ဝေဒနာရှင်တစ်ဦးအား စစ်ကောင်စီမှ ပစ်သတ် ရေဦးမြို့နယ်မှ စိတ်ဝေဒနာရှင်တစ်ဦးအား စစ်ကောင်စီမှ ပစ်သတ် Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.