ဖမ်းဆီးခံရတဲ့ပြည်သူတွေကို လူသားဒိုင်အဖြစ် အာဏာသိမ်းစစ်ကောင်စီတပ်က ၄င်းတို့နဲ့အတူတင်ဆောင်သွား


အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မတူပီ-မင်းတပ်ကြားကတိုက်ခိုက်ခံရသလို မင်းတပ်-ပခုက္ကူခရီးစဉ်မှာတိုက်ခိုက်မခံရအောင် မင်းတပ်မြို့ကဖမ်းဆီးခံရတဲ့ ပြည်သူတွေကို လူသားဒိုင်အနေနဲ့ ၄င်းတို့စစ်ယာဉ်တန်းနဲ့အတူ ဒီမနက်တင်ဆောင်ကြမယ်လို့သတင်းရရှိပါတယ်။ 

မတူပီကနေ မင်းတပ်မြို့သို့ရောက်လာတဲ့ စစ်ကား အစီး ၇၀ ကျော်နဲ့ သံချပ်ကာ ၂ စီးဟာ ဒီမနက် မင်းတပ်ကနေ ပခုက္ကူဘက်ထွက်သွားကြမယ်လို့သိရပြီး ဒီမနက် ၉း၄၅ အချိန်တွင် သံချပ်ကာ ၂ စီးကတော့ မင်းတပ်ကနေ ထွက်ခွာကြပါပြီ။ 

အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းဟာ မတူပီ နဲ့ မင်းတပ်ကြားလမ်းတွင် CDF Mindat ရဲ့ ပျောက်ကြားတိုက်ခိုက်ခံရလို့ ထိခိုက်ဆုံးရှုံးမှုတွေများပါတယ်။ 

အရင် ကလေးမြို့ကနေ ဖလမ်းဘက် စစ်ယာဉ်တန်းသွားတဲ့ချိန်မှာလည်း ဖမ်းဆီးခံရတဲ့ ပြည်သူ ၃ ယောက်ကို ၄င်းတို့နဲ့အတူ လူသားဒိုင်သဘောနဲ့ တင်ဆောင်ကြကြောင်းသိရပါတယ်။

Zalen 

ဖမ်းဆီးခံရတဲ့ပြည်သူတွေကို လူသားဒိုင်အဖြစ် အာဏာသိမ်းစစ်ကောင်စီတပ်က ၄င်းတို့နဲ့အတူတင်ဆောင်သွား ဖမ်းဆီးခံရတဲ့ပြည်သူတွေကို လူသားဒိုင်အဖြစ်  အာဏာသိမ်းစစ်ကောင်စီတပ်က ၄င်းတို့နဲ့အတူတင်ဆောင်သွား Reviewed by THITHTOOLWIN on 20:09 Rating: 5

No comments:

Powered by Blogger.