ဗန်းမော် စစ်ကောင်စီတပ်၏ စကခ (၂၁)တပ်အနီး ကင်းလှည့်သည့် ယာဉ်တန်း မိုင်းဆွဲခံရ



November 14/2021

ယနေ့ည ၈နာရီဝန်းကျင် ဗန်းမော်မြို့၊မင်း‌ကျောင်းကုန်းရပ်ကွက်၊  စကခ (၂၁)တပ်အနီး ကင်းလှည့်သည့် ယာဉ်တန်း မိုင်း ၂ကြိမ်ခွဲခံရကြောင်း ဒေသခံများမှ သိရသည်။

"ဟုတ်တယ် ဗျ အဲ့ စစ်တပ်နား အနီး ကင်းလှည့် ယဥ်တန်းကို မိုင်းခွဲတာ ကားနည်းနည်း ထိခိုက်တယ် ကြားတယ် ဗျ အသေအပျောက်ကတော့ မနက်မှ သိရမယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ယာဉ်တန်းမိုင်းဆွဲခံရပြီးနောက် သေနတ်ပစ်သံများလည်း ကြားရကြောင်း ၎င်းကဆက်ပြောသည်။

ဗန်းမော်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ဗုံးကွဲမူ ၂ကြိမ်ဖြစ်ခဲ့သည်။

Kachin News Group 

ဗန်းမော် စစ်ကောင်စီတပ်၏ စကခ (၂၁)တပ်အနီး ကင်းလှည့်သည့် ယာဉ်တန်း မိုင်းဆွဲခံရ ဗန်းမော် စစ်ကောင်စီတပ်၏ စကခ (၂၁)တပ်အနီး ကင်းလှည့်သည့် ယာဉ်တန်း မိုင်းဆွဲခံရ Reviewed by THITHTOOLWIN on 22:24 Rating: 5

No comments:

Powered by Blogger.