စစ်ကောင်စီတပ်ဖွဲ့နှင့်ပျူစောထီးအဖွဲ့ တို့ စတိုးဆိုင်များမှ ပစ္စည်းများ လုယက်ခိုးယူ

နိုဝင်ဘာလ ၃၀၊ SGG

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်း ဝက်လက်-အရာတော်လမ်းပေါ်ရှိ သမ္မရိုးကျေးရွာသို့ နိုဝင်ဘာလ ၂၉ရက်နေ့က ကင်းလာချထားတဲ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့ စတိုးဆိုင် ၃ဆိုင်မှ ပစ္စည်းများ ဖောက်ထွင်းလုယက်ခိုးယူကြတယ်လို့သိရပါတယ်။

စတိုးဆိုင် ၃ဆိုင်မှ လုယက်ခိုးယူခံရတဲ့ ပစ္စည်းများတန်ဖိုး  ကာလတန်ဖိုးအားဖြင့် သိန်း ၅၀ ကျော်ဖိုးရှိတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နှင့်ပျူစောထီးအဖွဲ့တို့ မွှေနှောက်ဖျက်ဆီးလုယက်ခိုးယူခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ရောက်လေရာမှာ ခိုဆိုးလုယက်မှုတွေဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကောင်စီတပ်ဖွဲ့နှင့်ပျူစောထီးအဖွဲ့ တို့ စတိုးဆိုင်များမှ ပစ္စည်းများ လုယက်ခိုးယူ စစ်ကောင်စီတပ်ဖွဲ့နှင့်ပျူစောထီးအဖွဲ့ တို့ စတိုးဆိုင်များမှ ပစ္စည်းများ လုယက်ခိုးယူ Reviewed by THITHTOOLWIN on 07:35 Rating: 5

No comments:

Powered by Blogger.