ဟားခါးမြို့အနီးတစ်ဝိုက် ပြောက်ကြားတိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွား၊ စကစတပ်မှအနည်းဆုံး ၂‌ဦးသေဆုံး


နို၀င်ဘာလ ၁၅ရက်နေ့နဲ့ ၁၆ ရက်နေ့တွင် ဟားခါးမြို့အနီးတစ်ဝိုက်တွင် စကစတပ်နဲ့ CDF-Hakha/CNA ပူးပေါင်းတပ်အကြား တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားကြောင်း CDF-Hakha ထံမှ သိရသည်။ 

နို၀င်ဘာ ၁၅ ရက် ညနေပိုင်း မိုးချုပ်ခါနီးတွင် ဟားခါးမြို့နယ် ခွာဘဲကျေးရွာဘက်သို့ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော စကစတပ်နဲ့ CDF-Hakha/CNA အကြား ပစ်ခတ်မှုရှိခဲ့ပြီး စကစဘက်မှ တစ်ဦးသေဆုံးကာ ၂ဦးပြင်းထန်ဒဏ်ရာရရှိကြတယ်လို့ CDF-Hakha ခေါင်းဆောင်တစ်ဦးက The Chin Journal သို့ပြောပါတယ်။ 

"ည‌နေပိုင်း မိုးချုပ်ခါနီးမှာဖြစ်တာပေါ့။ ခွာဘဲရွာဖက်ကို သူတို့ဆင်းလာတယ်။ အဲဒီမှာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားတယ်။ စကစတပ်ဖက်က ၁ ယောက်သေတယ်၊ ၂ယောက် ပြင်းထန်ဒဏ်ရာရရှိကြတယ်။ အခုတော့ ပစ်ခတ်မှုမရှိတော့ဘူး၊ စကစတပ်တွေ ဟားခါးဖက်ကို ပြန်လှည့်သွားကြတယ်" လို့ ပြောပါတယ်။ 

ယနေ့နံနက်ပိုင်း ၃နာရီခန့်တွင်လည်း ဟားခါးမြို့အစွန် ဟားခါးထာရ်ရပ်ကွက်အနီးတွင် ပစ်ခတ်မှုရှိခဲ့ပြီး စကစဖက်မှ တစ်ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါ CDF-Hakha ခေါင်းဆောင်ကပြောသည်။ 

ယနေ့ည ၇နာရီခန့်တွင်လည်း ဟားခါးမြို့အနီး ဟားခါး-ထန်တလန်လမ်းတွင် ၁၅ မီနစ်ခန့် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

Chin News Journal - CNJ 

ဟားခါးမြို့အနီးတစ်ဝိုက် ပြောက်ကြားတိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွား၊ စကစတပ်မှအနည်းဆုံး ၂‌ဦးသေဆုံး ဟားခါးမြို့အနီးတစ်ဝိုက် ပြောက်ကြားတိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွား၊ စကစတပ်မှအနည်းဆုံး ၂‌ဦးသေဆုံး Reviewed by THITHTOOLWIN on 23:19 Rating: 5

No comments:

Powered by Blogger.