မင်းကင်း ပန်းဆက်ရွာသားတွေကို စစ်ကောင်စီ လက်နက်တပ်ဆင် ပေးထားတယ်လို့ပြော

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားပြီး စစ်တပ်အရံအင်အားဟုဆိုကာ တရားဝင် လက်နက်ကိုင်ဆောင်ထားခိုင်းတယ်လို့ မင်းကင်း PDF က ဘီဘီစီကိုပြောပါတယ်။

မင်းကင်းမြို့နယ်ထဲက ပန်းဆက်ကျေးရွာမှာ အဲ့ဒီလက်နက်ကိုင် ထားတဲ့ ဒေသခံတွေဟာ စာသင်ကျောင်းတွေရှေ့မှာ လုံခြုံရေးစောင့်ပေးနေတာတွေ့ရတယ်လို့ သူတို့ကပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေဟာ မင်းကင်းမြို့နယ်မှာ မကြာခဏတိုက်ပွဲတွေ ဖြစ်ခဲ့ပြီးတော့ ပန်းဆက်ကျေးရွာဟာ ပြီးခဲ့တဲ့ဇူလိုင်လက PDFတွေ နဲ့တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

ပန်းဆက်ရွာဟာ လူဦးရေ ၄၀၀၀ ကျော်ရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး၊ မင်းကင်းမြို့နယ်ထဲမှာ ဒုတိယအကြီးဆုံးရွာဖြစ်ကာ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရတဲ့လူဦးရေက ၂၈၀၀ ကျော် ရှိပါတယ်။

ဒီရွာက အများစုဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို ထောက်ခံကြပြီးတော့ PDF တွေဘက်ကတော့ ဒီရွာကို ပျူစောထီးရွာလို့ပြောကြပါတယ်။

မင်းကင်းမြို့နယ်ထဲက ချင်းတွင်းမြစ်ထဲမှာ မနေ့က နိုဝင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့မော်တော်တွေကို ဒေသ PDF တွေက တိုက်ခိုက်ခဲ့ပါတယ်။

BBC Burmese

မင်းကင်း ပန်းဆက်ရွာသားတွေကို စစ်ကောင်စီ လက်နက်တပ်ဆင် ပေးထားတယ်လို့ပြော မင်းကင်း ပန်းဆက်ရွာသားတွေကို စစ်ကောင်စီ လက်နက်တပ်ဆင် ပေးထားတယ်လို့ပြော Reviewed by THITHTOOLWIN on 07:23 Rating: 5

No comments:

Powered by Blogger.