လိုအပ်သည့်​နေရာများမှာ ​နေ့ညမ​ရှောင် ​ဖောက်ခွဲမှုများပြုလုပ်သွားမည်ဖြစ်​ကြောင်း မြစ်ကြီးနားမြို့ စကစ တိုက်ဖျက်ရေးအထူးအဖွဲ့ထုတ်ပြန်


9 November 2021-Kachinwaves 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျောင်းသွား၊ ရုံးတက်နေသည့် ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားနှင့် ဝန်ထမ်းများရှိနေသဖြင့် ယနေ့ နိုဝင်ဘာလ ၉ရက်နေ့မှစပြီး နေ့ညမရှောင် စစ်ဆင်ရေးလိုအပ်ချက်အရ နေရာအနှံ့ ဖောက်ခွဲမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ စကစ တိုက်ဖျက်ရေးအထူးအဖွဲ့ (Myitkyina Anti-SAC Force)မှ သတိပေးပြန်ချက် ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၇ရက်နေ့ညတွင်လည်း အထက(၇)ကျောင်းကို ဖောက်ခွဲမှုပြုလုပ်ခဲ့​ကြောင်း ထုတ်ပြန်ချက်၌ ရေးသားထားပါသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews

လိုအပ်သည့်​နေရာများမှာ ​နေ့ညမ​ရှောင် ​ဖောက်ခွဲမှုများပြုလုပ်သွားမည်ဖြစ်​ကြောင်း မြစ်ကြီးနားမြို့ စကစ တိုက်ဖျက်ရေးအထူးအဖွဲ့ထုတ်ပြန် လိုအပ်သည့်​နေရာများမှာ ​နေ့ညမ​ရှောင် ​ဖောက်ခွဲမှုများပြုလုပ်သွားမည်ဖြစ်​ကြောင်း မြစ်ကြီးနားမြို့ စကစ တိုက်ဖျက်ရေးအထူးအဖွဲ့ထုတ်ပြန် Reviewed by THITHTOOLWIN on 20:17 Rating: 5

No comments:

Powered by Blogger.