ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း တိုက်ပွဲသတင်း


ဇေယျာတိုင်း၊ နိုဝင်ဘာ ၁၅

ယနေ့ညနေ(၅)နာရီခွဲဝန်းကျင်းတွင် ဂန့်ဂေါ-ကျော ဘက်မှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ၏ အများစုမိုးကာအလုံပိတ်နဲ့ ယာဥ်တန်း(၃၇)စီးကို လှိုင်းချောင်းလမ်းခွဲအရှေ့ဘက်အရောက်  ပုလဲ-ဂန့်ဂေါလမ်းမကြီးပေါ်တွင် Pale PDFတပ်ဖွဲ့များ မိုင်းများခွဲတိုက်ခိုက်ရာ ကား(၂)စီးထိပြီး (၁)စီးမှာလုံးဝပျက်စီးသွားခဲ့ပါတယ်။ ထိုကားကို ကြိုးဖြင့်ဆွဲ၍ သယ်ယူသွားတယ်လို့ သိရပါတယ်။

စကစတပ်သား ဒဏ်ရာရအသေဆုံးစာရင်း အတိအကျ မသိရပေမယ့် ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်လို့ သိရပြီး ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကတော့ ဘေးကင်းစွာဆုတ်ခွာကြပါတယ်။

ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုသလို (စကစ)တပ်များက လှိုင်း‌​ချောင်းလမ်းခွဲအနီးရှိ အိမ်များကိုမီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။


Zayartime Media-ဇေယျာတိုင်း မီဒီယာ

ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း တိုက်ပွဲသတင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း တိုက်ပွဲသတင်း Reviewed by THITHTOOLWIN on 05:33 Rating: 5

No comments:

Powered by Blogger.