စစ်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီယဉ်တန်းကို ကရင်နီပူးပေါင်းတပ်မှ တိုက်ခိုက်


လွိုင်ကော်ကနေ စစ်ကား အစီး၂၀နဲ့ ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲဘက်ကို စစ်အင်အားဖြည့်တင်းနေတယ်လို့  ယူဆရတဲ့ စစ်ကောင်စီယဉ်တန်းကို KA နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့တယ်လို့ KNDF က ဒီကနေ့ နိုဝင်ဘာလ ၁၈ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ် ၅မိုင်နဲ့ ၆မိုင်တစ်လျှောက်မှာ နေ့လည် ၁၂နာရီ၁၀မိနစ်အချိန်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး  စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စံပြ၆မိုင် ကျေးရွာအတွင်းက ဒေသခံနေအိမ်တစ်ချို့ကို မီးရှို့ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူ နှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ကယန်းလူမျိုးတွေနေထိုင်တဲ့ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်း‌ဒေသဘက်ကို စစ်ကောင်စီက အင်အား (၃၀၀) ကျော်နဲ့ စစ်ကြောင်းထိုးနေတယ်လို့  ထုတ်ပြန်ထားပါတယ်။



Kantarawaddy Times 

စစ်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီယဉ်တန်းကို ကရင်နီပူးပေါင်းတပ်မှ တိုက်ခိုက် စစ်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီယဉ်တန်းကို ကရင်နီပူးပေါင်းတပ်မှ တိုက်ခိုက် Reviewed by THITHTOOLWIN on 21:13 Rating: 5

No comments:

Powered by Blogger.