နေ့တဝက်ခရီးကို ၁၁ ရက်ကြာသွားတဲ့မင်းတပ်-မတူပီကြားက အာဏာသိမ်းစစ်ယာဉ်တန်း


အာဏာသိမ်း စစ်ကောင်စီတပ်ယာဉ်တန်းဟာ အောက်တိုဘာ ၃၁ ရက်နေ့ကစပြီး မတူပီမြို့ကနေ မင်းတပ်မြို့သို့စတင်ထွက်ခွာလာရာ လမ်းတွင် CDF Mindat ရဲ့ခြုံခိုတိုက်ခိုက်ခံရလို့ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက မင်းတပ်မြို့ ၂၇၄ တပ်ထဲသို့ ရောက်လာကြပါတယ်။ 

မင်းတပ် နဲ့ မတူပီကြားဟာ ၁၀၄ မိုင်ကွာဝေးပြီး ကားနဲ့ ၆ နာရီကြာသွားရတဲ့ခရီးဖြစ်တယ်။

 CDF Mindat က နိုဝင်ဘာ ၂ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီတပ်သားတွေတွက်ရှေ့ကနေ လမ်းရှင်းပေးနေတဲ့ JCB တစ်စီးကိုမိုင်းခွဲတာကနေ တိုက်ပွဲစတင်ခဲ့ပါတယ်။

 အဲ့ဒီနေ့ကစပြီး မနေ့နိုဝင်ဘာလ ၁၀ ရက်နေ့ထိ ၈ ရက်ကြာ ‌‌ေန့တိုင်းပစ်ခတ်တိုက်ခိုက်လို့ အာဏာသိမ်း စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်သေဆုံးတယ်လို့လည်းသိရတယ်။ ဒဏ်ရာရတဲ့သူအများအပြားလည်းရှိပါတယ်။

မနေ့ကလည်း မင်းတပ် ဆေးရုံမှာ စကစတပ် အကြီးပိုင်း ထဲက ဒါဏ်ရာ ရတဲ့သူတွေကို ဓာတ်မှန် လာရိုက်တယ်လို့သိရတယ်။

CDF Mindat ဘက်က အသက် ၇၃ နှစ်အရွယ် အငြိမ်းစား ကျောင်းဆရာတစ်ယောက် တိုင်းပြည်နဲ့ လူမျိုးအတွက်အသက်စတေးသွားပါတယ်။

မတူပီ-မင်းတပ်ကြား လေရှိကျေးရွာက အိမ်တွေ နဲ့ ဘုရားကျောင်းတွေကို အာဏာသိမ်း စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးကြပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီတပ်သားတွေဟာ စစ်ကားအစီး ၇၀ ဝန်းကျင်နဲ့ သံချပ်ကာ ၂ စီးသွားလာကြတာဖြစ်တယ်။ 

အများစု CDF Mindat တွေဟာ တူမီးနဲ့ ခေါက်ချိုးသေနတ်တွေသာကိုင်ထားလို့ စစ်ယာဉ်တန်းတွေ မင်းတပ်ကနေ မတူပီဘက်သွားတုန်းက မိုးရွာနေတာကြောင့် မတိုက်ခိုက်ပဲ ပြန်လှည့်လာတဲ့ချိန်မှာ ပစ်ခတ်ကြခြင်းဖြစ်တယ်။

Zalen

နေ့တဝက်ခရီးကို ၁၁ ရက်ကြာသွားတဲ့မင်းတပ်-မတူပီကြားက အာဏာသိမ်းစစ်ယာဉ်တန်း နေ့တဝက်ခရီးကို ၁၁ ရက်ကြာသွားတဲ့မင်းတပ်-မတူပီကြားက အာဏာသိမ်းစစ်ယာဉ်တန်း Reviewed by THITHTOOLWIN on 19:44 Rating: 5

No comments:

Powered by Blogger.