ချင်းနှင့်ယောဒေသ တော်လှန်ရေးတပ်ဖွဲ့ ​လေးဖွဲ့ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ်မှအနည်းဆုံး ၄၀သေဟု ထုတ်ပြန်


မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် ဆောမြို့နယ်တွင် စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)နှင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ​လေးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၄၀ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကန်ပက်လက် CDFက သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာလ ၁၉ ရက်)နံနက် ၈နာရီမှစ၍  ဆောမြို့နယ်အတွင်းရှိ ကျင်းလိန်ရွာနှင့်တောမရွာအကြားတွင်CDF (Kanpetlet)၊CDF(Mindat)၊YDFနှင့် PDF.Saw ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် အထိနာနေသည့်  အကြမ်းဖက်စစ်ကောင်စီသည် မွန်းလွှဲ၁၂ နာရီခန့်တွင် လေကြောင်းမှ ရဟတ်ယာဥ် နှစ်စီးအသုံးပြုပြီး တစ်နာရီကြာခန့်  တစ်လှည့်စီ ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် CDF ရဲဘော်များနှင့်YDFရဲဘော်များသည်တစ်စုံတစ်ရာထိလိုက်မှုမရှိသော်လည်း PDF.Sawအဖွဲ့မှ တစ်ဦးဒဏ်ရာပြင်းထန်ပြီး တစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

နေ့လည် ၁နာရီအချိန်ခန့်မှစပြီး ကန်ပက်လက်မြို့တွင်းတွင်လည်း CDF(Kanpetlet)အဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ အဆိုပါ မြို့တွင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ကန်ပက်လက် CDF ရဲဘော်တစ်ဦးမှ ဆိုင်ကယ်ဖြင့်အရှိန်ပြင်းစွာဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဖော်ပြထား သည်။

ထို့အပြင် ဆောမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီ စစ် ကြောင်းကို နိုဝင်ဘာ ၁၈ရက်ကတည်းက ချင်းနှင့်ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့များက ၀ိုင်းပတ်ပိတ်ဆို့ပြီး​နောက် ယနေ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆော PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် တုံ့ပြန်လာ၍ ပိတ်ဆို့ထားသည့် စစ်ကြောင်းကို လမ်းကြောင်း ပြန်ဖွင့်ပေးခဲ့ရသည်ဟု ဆိုသည်။


People's Spring

ချင်းနှင့်ယောဒေသ တော်လှန်ရေးတပ်ဖွဲ့ ​လေးဖွဲ့ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ်မှအနည်းဆုံး ၄၀သေဟု ထုတ်ပြန် ချင်းနှင့်ယောဒေသ တော်လှန်ရေးတပ်ဖွဲ့ ​လေးဖွဲ့ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ်မှအနည်းဆုံး ၄၀သေဟု ထုတ်ပြန် Reviewed by THITHTOOLWIN on 23:03 Rating: 5

No comments:

Powered by Blogger.