လောင်းလုံးမြို့နယ်အနီးမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်၊ ပြည်သူတစ်ဦးအပါအဝင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ဆို


တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညှင်းမော်ကျေးရွာနဲ့ ဂေါ့အင်းကျေးရွာအနားမှာ ဒီကနေ့နိုဝင်ဘာ ၂၁ရက်မနက်ပိုင်းကစစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားအပြန်အလှန် ထိ တွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီကနေ့မနက်ပိုင်း ၈နာရီခွဲဝန်းကျင်မှာ လောင်းလုံးမြို့နယ် အောက်ပိုင်းကိုဆင်းလာတဲ့ စစ်ကောင်စီတပ်ကားတွေကို ဒေသကာကွယ်ရေးတပ်တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်ကထုတ်ပြန်ပါတယ်။

ဒီနှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ၆ဦးသေဆုံးပြီးစခန်းမှူးအပါအဝင်၃ဦးဒဏ်ရာရရှိသလို ဒေသကာကွယ်ရေးတပ်ဘက်ကလည်း တစ်ဦးသေဆုံးတယ်လို့လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဘီဘီစီအနေနဲ့သီးခြားအတည်ပြုချက်ရနိုင်ဖို့ စစ်ကောင်စီဘက်ကိုမေးမြန်းထားပါတယ်။

အဲဒီနှစ်ဖက်တိုက်ပွဲကို စစ်ကြောင်းလာဖြည့်တဲ့ စစ်ကောင်စီတပ်ကားတစ်စီးကလည်း ထားဝယ်၊ လောင်းလုံး ကားလမ်းမပေါ်က မင်းရပ်ကျေးရွာအနီးမှာရှိတဲ့လမ်းသွားလမ်းလာလူငယ်အမျိုးသား တစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာလည်း လောင်းလုံးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ကား ၄၀ လောက်တိုးချတပ်စွဲထားတာရှိနေပြီး ရေလမ်းကြောင်းတွေမှာလည်း ကင်းပုန်းချထားတာတွေရှိတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ ဒီကနေ့ထားဝယ်၊ လောင်းလုံးက နှစ်ဖက်တိုက်ပွဲနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

BBC Burmese

လောင်းလုံးမြို့နယ်အနီးမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်၊ ပြည်သူတစ်ဦးအပါအဝင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ဆို  လောင်းလုံးမြို့နယ်အနီးမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်၊  ပြည်သူတစ်ဦးအပါအဝင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ဆို Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.