ယာဥ်တိုက်မှုဖြစ်ပွားမှုကြောင့် အသက်ငယ်ရွယ်သည့် လူငယ် ၄ဦးပွဲချင်းပြီးသေဆုံး


ဝိုင်းမော်မြို့နယ် နောင်တာလော ကျေးရွာတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့သောကြောင့် ဒေသခံလူငယ် ၄ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရပါသည်။

နိုဝင်ဘာလ ၂၇ရက် ယမန်နေ့ ညနေပိုင်း ၅နာရီဝန်းကျင်တွင် 4-Wheels ကားတစ်စီးက လမ်းမကြီးပေါ်တွင် သွားနေသည့် ဆိုင်ကယ် ၂စီးကို ဝင်တိုက်ရာမှ သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

"4 wheels ကားမောင်းတဲ့ သူက ဆိုင်ကယ် မောင်းနေတဲ့ လူငယ် ၂ယောက်ကို တစ်ဦးချင်းစီ အရင်ဝင်တိုက်တယ်။ အဲ့နေရာမှာဘဲ ပွဲချင်းပြီး ၂ယောက်စလုံး ဆုံးသွားတယ်။ ပြီးရင် လမ်းဘေးမှာ လမ်းလျှောက်နေတဲ့ လူငယ် ၂ယောက်ကို ပြန်တိုက်တယ်။ အဲ့ ၂ယောက်က ဆေးရုံရောက်မှဆုံးသွားတယ်"ဟုပြောဆိုသည်။

ယာဥ်တိုက်မှုကြောင့် သေဆုံးသွားသည့် လူငယ် ၄ဦးမှာ နောင်တာလောကျေးရွာမှ ရှမ်းလူမျိုး လူငယ်များဖြစ်ကြပြီး အသက် ၁၆နှစ်မှ ၂၀ကြားရှိသော သူများသာဖြစ်ကြောင်းသိရသည်။

လူငယ် ၄ဦးကို ကားဖြင့်ဝင်တိုက်သည့် ယာဥ်မောင်းကို အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် ရဲကဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

Kachin News Group 

ယာဥ်တိုက်မှုဖြစ်ပွားမှုကြောင့် အသက်ငယ်ရွယ်သည့် လူငယ် ၄ဦးပွဲချင်းပြီးသေဆုံး ယာဥ်တိုက်မှုဖြစ်ပွားမှုကြောင့် အသက်ငယ်ရွယ်သည့် လူငယ် ၄ဦးပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 09:38 Rating: 5

No comments:

Powered by Blogger.