ပုလဲမြို့နယ်အတွင်း အုပ်စုဖွဲ့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁၀ ဦး ကျော်သေဆုံး


ပုလဲ၊ နိုဝင်ဘာ ၁၄၊ ၂၀၂၁။

ပုလဲမြို့နယ်အတွင်း အုပ်စုဖွဲ့လာတဲ့ စစ်ကောင်စီတပ်သား ၈၀ ကျော်ကို နိုဝင်ဘာ ၁၃ ရက် မနေ့နေ့လည် ၁ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့လို့ တပ်သား ၁၁ ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရှိခဲ့တယ်လို့ ပြည်သူ့တော်လှန်‌ရေးတပ်မတော် PRA ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ (ခင်အေး -ပုလဲ) လမ်းမကြီးပေါ် ၊ နတ်ထိပ်(ပုံတောင်) ဘက်မှဆင်းလာတဲ့ စစ်အုပ်စုကို  ကျောက်ဖြူတောင်ကွေ့မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီ စုစုပေါင်းတိုက်ခိုက်ချိန် မိနစ် ၄၀ လောက်ကြာခဲ့တယ်လို့ PRA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဂျပန်က ပြောပါတယ်။

“ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ကျောမြို့နယ်ဆေးရုံကိုခေါ်သွားတယ်။ လုံးဝသေ သွားတဲ့သူတွေကိုတော့ အပြန်လမ်း (ခင်အေးရွာ)အနောက်ဘက်မှာ သဂြိုလ်တယ်” လို့ သူကဆက် ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) တပ်ရင်း(၂)နဲ့ Pale PDF-Headquarters အဖွဲ့တို့ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး PDF အဖွဲ့ဝင်တွေအနေနဲ့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့လည်း PRA ဆီကသိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

ပုလဲမြို့နယ်အတွင်း အုပ်စုဖွဲ့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁၀ ဦး ကျော်သေဆုံး ပုလဲမြို့နယ်အတွင်း အုပ်စုဖွဲ့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁၀ ဦး ကျော်သေဆုံး Reviewed by THITHTOOLWIN on 20:13 Rating: 5

No comments:

Powered by Blogger.