မိုးကုတ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် (၂၀) ဦး ထက်မနည်း ထပ်မံသွားရောက်သေဆုံးပြန်


၁၆ ၊ ၁၁ ၊ ၂၀၂၁ ။ 

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့၌ နိုဝင်ဘာလ (၁၄) ရက်နှင့် (၁၅) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PDF တ်ု့ ပစ်ခတ်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၂၀) ဦး ထက်မနည်း သေဆုံးကြောင်း နယ်မြေခံသတင်းရင်းမြစ်မှ NBung Dat Kasa သို့ ပြောဆိုသည်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၄)ရက် ညပိုင်းအချိန် မိုးကုတ်မြို့ ပိတ်ဆွယ်ရပ်ကွက် ငရံအင်းတွင် ညအိပ်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်များအား PDF မှ ဗုံးခွဲပြီး ပစ်ခတ်တိုက်ခိုက်လိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၅) ဦး သေဆုံးသွားကြောင်း သိရသည်။ 

ထိုနောက် နိုဝင်ဘာလ (၁၅) ရက် ညနေပိုင်းအချိန် မိုးကုတ်မြို့ နန်းနွဲ့ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား PDF မှ မိုင်းဆွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၁၅) ဦးထက်မနည်း ထပ်မံသေဆုံးသွားကြောင်း သိရသည်။ 


NBung Dat Kasa - Kachin Media

မိုးကုတ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် (၂၀) ဦး ထက်မနည်း ထပ်မံသွားရောက်သေဆုံးပြန် မိုးကုတ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် (၂၀) ဦး ထက်မနည်း ထပ်မံသွားရောက်သေဆုံးပြန် Reviewed by THITHTOOLWIN on 20:39 Rating: 5

No comments:

Powered by Blogger.