တကောင်းတောင် နီကယ်သတ္တု တူးဖော်ရေး စီမံကိန်း စက်ရုံအတွင်းမှာ မီးလောင်မှုဖြစ်

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်း ထီးချိုင်မြို့နယ်ထဲက တကောင်းတောင် နီကယ်သတ္တုတူးဖော်ရေးစီမံကိန်း စက်ရုံအတွင်းမှာ ဒီကနေ့ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက တဆင့်သိရပါတယ်။

အဲ့ဒီ နီကယ်စက်ရုံအတွင်း ဒီကနေ့ နိုဝင်ဘာ၂၈ ရက် ည ၇ နာရီကျော်အချိန်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာလို့လည်း သူတို့ကပြောပါတယ်။

တကောင်းတောင် နီကယ်စက်ရုံက သတ္တုအရည်ကျိုဌာနမှာ သတ္တုရည်တွေ လျှံကျရာကနေ မီးလောင်တာဖြစ်ကြောင်း ပြီးခဲ့တဲ့လကလည်း အခုလို မီးလောင်တာမျိုး ရှိခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်၊

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ကနဦးသိရပြီး ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်သက်လို့လည်း မသိရသေးပါဘူး။

တကောင်းတောင် နီကယ် စီမံကိန်းကို၂၀၀၈ ခုနှစ် ဇူလိုင်က စတင်ကာ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနဲ့ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီ ဖြစ်တဲ့ Myanmar CNMC Nickel ကုမ္ပဏီတို့က ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့စနစ်နဲ့ လုပ်ကိုင်ဖို့ နှစ် ၂၀ စာချုပ်နဲ့ စတင်လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

BBC Burmese

တကောင်းတောင် နီကယ်သတ္တု တူးဖော်ရေး စီမံကိန်း စက်ရုံအတွင်းမှာ မီးလောင်မှုဖြစ်  တကောင်းတောင် နီကယ်သတ္တု တူးဖော်ရေး စီမံကိန်း စက်ရုံအတွင်းမှာ မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 04:39 Rating: 5

No comments:

Powered by Blogger.