ဖြုတ်ချခံရတဲ့ ဆူဒန်ဝန်ကြီးချုပ် အာဏာသိမ်းစစ်တပ်နဲ့ သဘောတူညီချက် ရဖွယ်ရှိနေ

ရာထူးက ဖြုတ်ချခံထားရတဲ့ ဆူဒန်ဝန်ကြီးချုပ် Abdallah Hamdok.

ရာထူးက ဖြုတ်ချခံထားရတဲ့ ဆူဒန်ဝန်ကြီးချုပ် Abdallah Hamdok ဟာ သူ့ကို ဝန်ကြီးချုပ်ရာထူး ပြန်ခန့်ထားရေးအတွက် တနင်္ဂနွေနေ့ အစောပိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ သဘောတူညီချက် ရရှိထားပြီဖြစ်ကြောင်း ဝန်ကြီးချုပ်နဲ့ နီးစပ်သူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ရေးပါတယ်။

ပြီးခဲ့တဲ့လအတွင်း စစ်တပ်အာဏာသိမ်းလိုက်ပြီးတဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ရေးအတွက် ဝန်ကြီးချုပ်က သဘောတူလိုက်တာလို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်အတွင်း စစ်တပ်နဲ့ အရပ်သားအစိုးရအဖွဲ့တို့ ရရှိထားတဲ့ ဖွဲ့စည်းပုံ သဘောတူညီချက်ကို အခြေခံပြီး အနာဂတ် ဆွေးနွေးမှုတွေကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာခွဲဝေ အုပ်ချုပ်နေတဲ့ အရပ်သား ညွန့်ပေါင်းအဖွဲ့အနေနဲ့ ဒီဆွေးနွေးမှုတွေမှာ ဘယ်အတိုင်းအတာထိ ပါဝင်မလဲ ဆိုတာတော့ မသိရသေးပါဘူး။

ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ စစ်တပ်အနေနဲ့ နိုင်ငံရေးလောကက အပြီးတိုင် နုတ်ထွက်ပေးဖို့အတွက် တောင်းဆိုနေကြပါတယ်။

ဒီအတောအတွင်း ဝန်ကြီးချုပ် Abdallah Hamdok နဲ့ စစ်တပ်အကြီးအကဲ Abdel Fattah al-Burhan တို့ တနင်္ဂနွေနေ့မှာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မယ့် မြို့တော် Khartoum က သမ္မတအိမ်တော်ရှိရာကို ထောင်နဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေ ချီတက်သွားနေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဖြုတ်ချခံရတဲ့ ဆူဒန်ဝန်ကြီးချုပ် အာဏာသိမ်းစစ်တပ်နဲ့ သဘောတူညီချက် ရဖွယ်ရှိနေ ဖြုတ်ချခံရတဲ့ ဆူဒန်ဝန်ကြီးချုပ် အာဏာသိမ်းစစ်တပ်နဲ့ သဘောတူညီချက် ရဖွယ်ရှိနေ Reviewed by THITHTOOLWIN on 20:14 Rating: 5

No comments:

Powered by Blogger.