ကလေးဝမြို့နယ်တွင် ဒလန်သတင်းပေးမှု့ကြောင့် ပြည်သူ ၂ ဦး ဖမ်းဆီးခံရ


နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီးကလေးဝမြို့နယ် ဇီးဒေါင့်ကျေးရွာနှင့် ကလေးဝ-ရေဦးကားလမ်းဘေးတစ်နေရာက နိုဝင်ဘာ ၂၀ရက်နေ့ ယမန်နေ့ညနှင့် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စကစတပ်များဝင်ရောက်ကာ ဒလန်သတင်း​​ ပေးတိုင်ကြားမှု့​ကြောင့် ပြည်သူ ၂ဦး ဖမ်းဆီးခံရတာဖြစ်တယ်ဟု သိရပါတယ်။ 

မနေ့ည ၉ နာရီဝန်ကျင်က ရွာကိုဝင်လာပြီး တစ်ယောက်ဖမ်းပြီး ကျန်တစ်ယောက်ကိုတော့ ဒီ​​နေ့မနက်ကမှ ကားလမ်းဘေးကရွာတစ်ရွာမှာ ဖမ်းတာဖြစတယ်လို့ သိရပါတယ်။နိုဝင်ဘာ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်း ဝန်ကြီးကားယဥ်တန်း မိုင်းဆွဲခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး  သံသယရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ အဲဒီဒေခံပြည်သူတစ်ဦးထံမှ သိရပါတယ်။

"မနေ့ည ၉ နာရီလောက်က ရွာတည်းကိုဝင်လာပြီးဖမ်းသွားတယ် တစ်ယောက်ကတော့ဒီနေ့မနက်က ကားလမ်း​ဘေးက ရွာတစ်ရွာမှာ အဖမ်းခံလိုက်ရတယ်   ဝန်ကြီးချုပ်ကားယဥ်တန်း မိုင်းဆွဲခံရတဲ့ ကိစ္စနဲပတ်သက်ပြီးတော့ ဒလန်ကသတင်း​ပေးလို့ဖြစ်မယ် သံသယရှိတယ်ဆိုပြီး ဖမ်းသွားတာပါ။ဟု အဲ့ဒီဒေသခံက မျက်မှောက်ခေတ်ကိုပြောပါတယ်။

မျက်မှောက်ခေတ် 

ကလေးဝမြို့နယ်တွင် ဒလန်သတင်းပေးမှု့ကြောင့် ပြည်သူ ၂ ဦး ဖမ်းဆီးခံရ ကလေးဝမြို့နယ်တွင် ဒလန်သတင်းပေးမှု့ကြောင့် ပြည်သူ ၂ ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.