ပခုက္ကူမြို့နယ်မှာ ကင်းလှည့်‌လာတဲ့စစ်အုပ်စုက ရွာသားတစ်ဦးကိုအကြောင်းမဲ့ပစ်သတ်


ပခုက္ကူ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၁။ 

ပခုက္ကူမြို့နယ်မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေက ရွာသားတစ်ဦးကို သေနတ်နဲ့အကြောင်းမဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်တိုးကျေးရွာအုပ်စု၊ အနောက်တောကျေးရွာက ကိုမြင့်၀င်းဖြစ်ပြီး နို၀င်ဘာ ၁၈ရက် ယမန်နေ့ည ၉နာရီလောက်မှာ ကင်းလှည့်လာတဲ့စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လိုက်တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

" သူကဘာမှမလုပ်ပါဘူး၊ သာမန်အရပ်သားပါ၊ တစ်ခြားဘယ် အဖွဲ့အစည်းနဲ့မှလည်း ပတ်သက်မှုမရှိပါဘူး၊ အကြောင်းမဲ့ပစ်သတ်သွားတာပါ၊ ရွာကလူတွေလည်း ပြေးနေကြရပါတယ် " လို့ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်က ခုလိုအကြောင်းမဲ့ပစ်သတ်တာတွေလုပ်နေတာကြောင့် ရွာသားတွေအနေနဲ့လည်း သူတို့ရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ကာ ဘေးလွတ်ရာကိုရှောင်တိမ်းနေကြရတယ် ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ 

" တစ်ရွာလုံးနီးပါးကNLDဝန်းရံကြတာပါ၊ အဲဒါစစ်ကောင်အဖွဲ့တွေကအဲဒီရွာကလူတွေကိုအငြိုးကြီးပြီးလုပ်နေတာပါ၊ ယခု တစ်ရွာလုံးနီးပါးထွက်ပြေးနေရပါတယ် " လို့ ပြောပါတယ်။ 

အနောက်တောရွာမှာ အိမ်ခြေ ၆၀၀ နဲ့ လူဦးရေ ၁၅၀၀ကျော်ရှိပြီး အများစုက NLD ထောက်ခံသူတွေဖြစ်ကြတယ်လို့လည်းသိရပါတယ်။ 

မြေလတ်အသံ - Myaelatt Athan 

ပခုက္ကူမြို့နယ်မှာ ကင်းလှည့်‌လာတဲ့စစ်အုပ်စုက ရွာသားတစ်ဦးကိုအကြောင်းမဲ့ပစ်သတ် ပခုက္ကူမြို့နယ်မှာ ကင်းလှည့်‌လာတဲ့စစ်အုပ်စုက ရွာသားတစ်ဦးကိုအကြောင်းမဲ့ပစ်သတ် Reviewed by THITHTOOLWIN on 17:10 Rating: 5

No comments:

Powered by Blogger.