လားရှိုးမြို့ လဝကရုံးအနီး ဗုံးပေါက်ကွဲ ဖြစ်၊ ထိခိုက်မှုရှိ


သျှမ်းသံတော်ဆင့်၊ နိုဝင်ဘာလ (၁၀)ရက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းသိရသည်။

ဖြစ်စဥ်မှာ ယနေ့ နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်အချိန်တွင် ဗုံးတစ်လုံးပေါက်ကွဲပြီးလဝကရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် မှတ်ပုံတင်လာလုပ်သည့်သူ တစ်ဦး မိုင်းစထိမှန်ကာ ဒဏ်ရာရခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သည့် ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော လမ်းကို ပိတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများရောက်ရှိကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းတွင်လည်း လားရိူးမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အနီးတွင်လည်း အသံမိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

လားရှိုးမြို့ လဝကရုံးအနီး ဗုံးပေါက်ကွဲ ဖြစ်၊ ထိခိုက်မှုရှိ လားရှိုးမြို့ လဝကရုံးအနီး ဗုံးပေါက်ကွဲ ဖြစ်၊ ထိခိုက်မှုရှိ Reviewed by THITHTOOLWIN on 20:21 Rating: 5

No comments:

Powered by Blogger.