ဘီးလင်းမှာ မိုင်းပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံး


ဘီးလင်း၊ နိုဝင်ဘာ ၁၉

ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့ညက မိုင်းပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါည ၈ နာရီကျော်ခန့်မှာ ဝင်းပြန်ကျေးရွာမှ ဝဲကြီးကျေးရွာသွားလမ်းဘေးအနီးမှာ လက်လုပ်မိုင်းလာထောင်တဲ့အဖွဲ့မှ မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"ညက ပေါက်ကွဲသံကြားတယ်။ အကျယ်ကြီးဘဲ။ နောက်မှ စုံစမ်းကြည့်တော့ မိုင်းလာထောင်တဲ့အဖွဲ့က ၂ ယောက် မိုင်းထောင်ရင်း ပေါက်ကွဲမှုဖြစ်ပြီး သေတယ်လို့ သိရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး(အမည်လိပ်စာမသိ)စိစစ်ဆဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီအဖွဲ့တွေရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်ကာ သေဆုံးသူ အလောင်းတွေကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

ဘီးလင်းမှာ မိုင်းပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံး ဘီးလင်းမှာ မိုင်းပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 18:02 Rating: 5

No comments:

Powered by Blogger.