စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ပေါင် ဒေသခံ (၂၀)ထက်မနည်း ဖမ်းဆီးခံရ


မော်လမြိုင်၊ နိုဝင်ဘာ ၁၃

ပေါင်မြို့မှာ စစ်ကောင်စီခန့် ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်သတ်ခံရပြီးနောက် ဒေသခံပြည်သူ ၂၀ ဦးနီးပါး ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးကျော်အောင်ကိုနိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက KNU တပ်မဟာ ၁ ၊ ၂ နဲ့ ပေါင်မြို့နယ် Special Force Paung အဖွဲ့တို့က ၎င်းနေအိမ်အရှေ့မှာ သေနတ်ပစ်သတ်ခဲ့တာပါ။

ဦးကျော်အောင်အသတ်ခံရတဲ့ကိစ္စနဲ့ဆက်စပ်ပြီး ဒေသခံပြည်သူ ၂၀ နီးပါးကို  စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

" မနေ့က အုပ်ချုပ်ရေးမှူးသေနတ်ပစ်သတ်ခံရပြီးတော့ သူ့ရဲ့ မယားညီအကိုလည်း သံသယရှိလို့ဆိုပြီး ဖမ်းထားတယ်၊ အဲညမှာပဲ ၁၀ ဦးလောက်ဖမ်းခံရတယ်၊ ဒီနေ့ထဲမှာ ၇ ဦး ၈ ဦးလောက် ထပ်ဖမ်းခံရတယ်။ အားလုံးဆို၂၀ ဦးနီးပါးရှိမယ်၊  နေအိမ်မှာ တက်ဖမ်းတာလဲရှိတယ်၊ " ဟု ၎င်းက ပြောသည်။

အဖမ်းခံရသူများထဲမှာ အမျိုးသမီးများအပါအဝင်

အသက် ၃၀ နှစ်အထက် လူကြီးပိုင်းအဓိကပါဝင်ပြီး ပေါင်မြို့ပေါ်ရပ်ကွက်မှာ နေထိုင်ကြသူတွေအများစု အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ စစ်တပ်က အာဏာစသိမ်းခါစကတည်းက  ကန့်ကွက်ဆန္ဒပြတဲ့သူတွေနဲ့ PDF တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံထားရပြီး ပြန်လွတ်လာတဲ့သူတွေလည်း ထပ်မံအဖမ်းခံထားရတယ်လို့ ဆိုပါတယ်။

ယခုဖမ်းဆီးခံထားရတဲ့သူတွေ မည်သည့်နေရာမှာ ထိန်းသိမ်းထားတာကို ၎င်းမိသားစုဝင်တွေက သိရှိခြင်းမရှိပဲ အဆက်အသွယ်ရရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက ပေါင်မြို့နယ်မှာ လုံခြုံရေးတင်းကျပ်ထားသလို ရှာ​ဖွေဖမ်းဆီးမှုတွေကို ပိုမိုလုပ်ဆောင်နေပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ပေါင် ဒေသခံ (၂၀)ထက်မနည်း ဖမ်းဆီးခံရ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ပေါင် ဒေသခံ (၂၀)ထက်မနည်း ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 23:01 Rating: 5

No comments:

Powered by Blogger.