ဗဟန်းမြို့နယ်အတွင်းက သရုပ်ဆောင်ယဉ်လတ်နေအိမ်အနီးပေါက်ကွဲမှုဖြစ်


ရန်ကုန်မြို့တွင်းပေါက်ကွဲမှုတွေအပြင် သတင်းပေးလို့နာမည်ကြီးသူတစ်ဦးပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက် ဥဿဖရားလမ်းမှာနေထိုင်တဲ့ သရုပ်ဆောင် ယဉ်လတ်နေထိုင်ရာ အိမ်နားမှာဒီကနေ့ နိုဝင်ဘာလ ၁၅ ရက် မနက်အစောပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။

“သူနေတဲ့ အိမ်တော့မဟုတ်ဘူး အိမ်အနားပေါက်တာ၊ အသံကိုတော်တော်ကျယ်တယ်။ သူ့အိမ်က ရေစင်က တိုင်ကီပွင့်ထွက်သွားတယ်လို့ကြားတယ်။ လူထိခိုက်မှုတော့မကြားရဘူး။ယဉ်လတ်က စစ်တပ်အသိုင်းအဝိုင်းကလို့တော့ပြောကြတယ်” လို့အဲဒီအနီးနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

သရုပ်ဆောင်ယဉ်လတ်အိမ် ပေါက်ကွဲမှုမဖြစ်ခင် မိနစ်ပိုင်းမှာလည်း ကျိုက္ကဆံရပ်ကွက်အတွင်းကပဲ ပတ္တမြားလမ်းမှာနေထိုင်တဲ့ စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူတစ်ဦးဖြစ်တဲ့ ဦးမျိုးသန့်အောင်ဆိုသူ ပစ်ခတ်ခံရတယ်လို့အနီးအနားနေသူတွေကပြောပါတယ်။

“သေနတ်သံ ၃ချက်ကြားပြီးအသတ်ခံရတာ၊ သူ့အိမ်ကဆန်ဆီ စတိုးဆိုင်ဖွင့်ထားတယ်။ စစ်ကားတွေလာစစ်နေတုန်းပဲ။ ဟိုဘက် ၃ လမ်းကျော်က ယဉ်လတ်အိမ်မှာ ဗုံးပေါက်ကွဲတာပဲ။ အဲ့လို သေနတ်တွေအပစ်ခံရ၊ ဗုံးတွေပေါက်ပြီးမှ ရဲကားတွေစစ်ကားတွေနဲ့လာစစ်တယ်။ လမ်းကိုခဏပိတ်ထားပြီးစစ်တယ်'' လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ဒီကနေ့နိုဝင်ဘာ ၁၅ရက်မနက်ပိုင်းမှာပဲ ရန်ကုန်မြို့ကြည့်မြင်တိုင် အထက (၅) ကျောင်းအနီးမှာပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး လမ်းပိတ်စစ်ဆေးမှုတွေလုပ်ခဲ့သေးတယ်လို့လည်း အနီးအနားနေထိုင်သူတွေကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အထက (၅) ကျောင်းကတော့ ဖွင့်လှစ်ထားတာမျိုးမတွေ့ရဘဲ ကျောင်းတံခါးပိတ်ထားတာကိုသာ အများစုတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတဝန်းစာသင်ကျောင်းတွေစဖွင့်တဲ့ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ရက်နေ့မှာဆိုရင်လည်း ကြည့်မြင်တိုင်မြို့နယ်ထဲက အထက(၁) ကျောင်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သေးတယ်လို့လည်း အနီးအနားနေထိုင်သူတွေကပြောပါတယ်။

BBC Burmese 

ဗဟန်းမြို့နယ်အတွင်းက သရုပ်ဆောင်ယဉ်လတ်နေအိမ်အနီးပေါက်ကွဲမှုဖြစ်  ဗဟန်းမြို့နယ်အတွင်းက သရုပ်ဆောင်ယဉ်လတ်နေအိမ်အနီးပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 17:56 Rating: 5

No comments:

Powered by Blogger.