နေပြည်တော် ဖီးနစ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့စခန်း စီးနင်းခံရပြီး ရဲဘော် ရှစ်ဦး ဖမ်းဆီးခံရ


ကျပ်သိန်း (၄၀၀)ကျော်ဖိုးရှိ လက်နက်ခဲယမ်းနှင့် ပစ္စည်းများလည်း ဆုံးရှုံးဟုဆို

MFP ၊ နိုဝင်ဘာ - ၂၄

နေပြည်တော် ကောင်စီနယ်မြေ အခြေစိုက် တော်လှန်ရေး အင်အားစုတစ်ခုဖြစ်သော နေပြည်တော် ဖီးနစ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့၏ စခန်းတစ်ခု ယနေ့ နိုဝင်ဘာ(၂၄)ရက် ညနေပိုင်းတွင် စစ်ကောင်စီ လက်နက်ကိုင်များ၏ စီးနင်းသိမ်းပိုက်ခြင်း ခံခဲ့ရပြီး တော်လှန်ရေး ရဲဘော် ရှစ်ဦး ဖမ်းဆီးခံရကြောင်း ဖီးနစ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

"ကင်းပုန်းနဲ့ တွေ့လို့ ရဲဘော်ပါသွားရာကနေ စခန်းပါ အသိမ်းခံရတာပါ။ နေပြည်တော်မှာ လှုပ်ရှားရတာ ကျွန်တော်တို့ တော်တော် ကျပ်တည်းပါတယ်" ဟု ဖီးနစ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက MFP သို့ ပြောသည်။

တော်လှန်ရေးရဲဘော် ရှစ်ဦး ဖမ်းဆီးခြင်း ခံရသလို  စခန်း သိမ်းပိုက်ခံရချိန်တွင် ၉မမ ပစ္စတိုသေနတ် လေးလက်၊ ပွိုင့် ၂၂ လက်လုပ်သေနတ် သုံးလက်၊ ကျည်ဆံများ၊ လက်ကိုင်ဖုန်းများနှင့် ဆိုင်ကယ် ခြောက်စီး သိမ်းဆည်းခံလိုက်ရသည်ဟု ဆိုသည်။

ထို့အပြင် လက်လုပ်ဗုံး ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း ကျပ်သိန်း(၁၀၀)ကျော်ဖိုး အပါအဝင်  စုစုပေါင်း ကျပ်သိန်း (၄၀၀)ကျော်ဖိုး ဆုံးရှုံးသည်ဟု ဖီးနစ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

ဖမ်းဆီးခံရသူ ရှစ်ဦးနှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

Mandalay Free Press - MFP

နေပြည်တော် ဖီးနစ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့စခန်း စီးနင်းခံရပြီး ရဲဘော် ရှစ်ဦး ဖမ်းဆီးခံရ နေပြည်တော် ဖီးနစ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့စခန်း စီးနင်းခံရပြီး ရဲဘော် ရှစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:58 Rating: 5

No comments:

Powered by Blogger.