(29-11-2021)
ယနေ့ည (၈)နာရီခွဲခန့်တွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ သိမ်တော်ကြီးဆိုင်းဘုတ်အနီးတွင် အာဏာသိမ်းအကြမ်းဖက်သူပုန်တပ်၏ တပ်မ (၁၅၁)မှ တပ်သား (၄)ဦးသည် သေနတ် (၇)ချက်ခန့် ပစ်ဖောက်ပြီး အမည်မသိ လူနှစ်ဉီးကို ရိုက်နှက်ထိုးကြိတ်ခဲ့သည်ဟု သတင်းရရှိပါသည်။
ယခုလက်ရှိတွင် ရဲတပ်ဖွဲ့အင်အား (၄၀)၀န်းကျင်ခန့် ရောက်ရှိလာပြီး ၎င်းအနီးအနားရှိအိမ်များအား လိုက်လံစစ်ဆေးလျက်ရှိနေပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူတစ်ဦး သေဆုံးခဲ့သည်ဟု သိရှိရပြီးအလောင်းအား ကားဖြင့်သယ်ဆောင်သွားခဲ့ကြောင်းနှင့် သေဆုံးသူ မည်သူမည်ဝါဖြစ်သည်ကို သတင်းအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း Hpa-an News မှတစ်ဆင့် သိရှိခဲ့ရပါသည်။
ဖြစ်စဉ်ဖြစ်ပွားသော နေရာဖြစ်သည့် ဘားအံမြို့၊ အမှတ် (၉)ရပ်ကွက်၊ သိမ်တော်ကြီးဆိုင်းဘုတ်သည် အမြောက်တပ်နှင့်ကပ်လျက်ဖြစ်ပြီး OASIS-1(KTV)ဆိုင်ရှေ့ဖြစ်သည်ဟု သိရှိခဲ့ရပါသည်။
KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဥ်
No comments:
Post a Comment