ဂန့်ဂေါမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ ဗိုလ်အဆင့် အပါအဝင် ၁၁ ယောက် သေဆုံး


မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက် မနေ့နေ့လယ်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဗိုလ်အဆင့် အပါအဝင် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) က နိုဝင်ဘာ ၂၂ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်လောက်က ဂန်ဂေါမြို့ကိုသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ကား ၅ စီးကို YDF နဲ့ CDF Kalay Kabaw Gangaw (CDF-KKG) ပူးပေါင်းအဖွဲ့တို့က ခေါက်ခူရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

မိုင်း ၁၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကားနှစ်စီးလည်း ပျက်စီးသွားတယ်လို့ YDF အဖွဲ့က ထုတ်ပြန်ပါတယ်။

MA သေနတ် ကျည် 400 ကျော်၊ ယူနီဖောင်း ၂ စုံ၊ ကျည်ဘောက် ၂ ခု၊ ဘေးအိတ် ၁ စုံ၊ အပူချိန်တိုင်းစက် ၁ ခု၊ တီရှပ် ၁ ထည်၊ ဖိနပ် ၁ ရံတို့ကိုလည်း သိမ်းဆည်းရခဲ့ရာ ယူနီဖောင်းမှာပါတဲ့ လက်မောင်းတံဆိပ်မှာ တပ်မ ၁၁ လို့ တွေ့ရပြီး ခမရ ၂၁၇ အမှတ်တံဆိပ်တွေကိုလည်း တွေ့ရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ RFA အနေနဲ့သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။ 

RFA Burmese



ဂန့်ဂေါမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ ဗိုလ်အဆင့် အပါအဝင် ၁၁ ယောက် သေဆုံး ဂန့်ဂေါမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ ဗိုလ်အဆင့် အပါအဝင် ၁၁ ယောက် သေဆုံး Reviewed by THITHTOOLWIN on 16:44 Rating: 5

No comments:

Powered by Blogger.