မင်းကင်းမြို့နယ် ဖက်ခတ်ရွာအနီး တိုက်ပွဲတွင် စကစနှင့်ပျူစောထီး ၁၀ ယောက်ကျော်သေဆုံး


မျက်မှောက်ခေတ်၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ဖက်ခတ်ရွာအနီးတွင် နိုဝင်ဘာ ၂၇ ရက် ယမန်နေ့ ၁၀ နာရီဝန်းကျင်က စကစနှင့်ပျူစောထီးများ နယ်မြေရှင်းလင်းရေး အကြောင်းပြ လှည့်လည်လာရာ အသင့်စောင့်နေရာယူထားသော မင်းကင်း ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့မှ လက်နှက်ကြီးဖြင့် ပစ်ခတ်တိုက်ရာ ၁၀ ယောက်ကျော်သေဆုံးပြီး ၂၀ ကျော် အပြင်းထန် ဒါဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 

မင်းကင်းတွင်ရောက်ရှိနေတဲ့ ကျောက်စိမ်းတင် မော်တော်များ ဆုန်ဆင်းနိုင်ရန် နယ်မြေရှင်လင်းရေး လုပ်ဆောင်ရန်အလာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသင့်စောင့်ဆိုင်းကာ လက်နှက်ကြီး ပတ်ခတ်တိုက်ခိုက်ခံရပြီး နောက်ပြန်အဆုပ်တွင် မိုင်းမိကာ သေဆုံးသူ ၁၀ ယောက် ကျော်နှင့် ဒါဏ်ရာရရှိသူ ၂၀ ကျော်ရှိသည်ဟု မင်းကင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။ 

" ကျောက်စိမ်းမော်တော်တွေဆုန်ဖို့ နယ်မြေရှင်းလာတဲ့အချိန်မှာ ကိုယ့်ဘက်က အသင့်စောင့်ပြီး လက်နှက်ကြီး ငါးချက် ခြောက်ချက် ပစ်လိုက်တာလဲထိတယ် ခွေးတွေကကျောက်ပြီး ပြန်အလှည့်မှာ မိုင်းတွေ နင်းမှိပြီးလည်းထိတယ် စခ ဗိုလ်တွေလည်းသေတယ် တောင်ဖြူက ပျူခေါင်းဆောင်လည်း သေတယ် သေဆုံးကတော့ ၁၀ ယောက်ကျော်တယ် အပျင်းထန်ဒါဏ်ရာရတာက ၂၀ ကျော်တယ်ဗျ။ ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။

မင်းကင်း တောင်ယာတောဆိပ်ကမ်းတွင် ရပ်နားထားသော ကျောက်စိမ်းတင်မော်တော်များသည် ဆုန်ဆင်းရန် ရက်အနည်းငယ်ကြာနိုင်ပြီး တောင်ဖြူတွင်ရပ်နားထားသော စကစ၏ ထောက်ပို့မော်များသည်လည်း ကနီ မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့၏ ပစ်ခတ်မှု့ကြောင့် စက်ခမ်းပျက်သွားပြီး ပြုပျင်နေရဆဲဟု အဲ့ဒီဒေသခံတစ်ဦးထံက သိရပါတယ်။

မျက်မှောက်ခေတ် 


မင်းကင်းမြို့နယ် ဖက်ခတ်ရွာအနီး တိုက်ပွဲတွင် စကစနှင့်ပျူစောထီး ၁၀ ယောက်ကျော်သေဆုံး မင်းကင်းမြို့နယ် ဖက်ခတ်ရွာအနီး တိုက်ပွဲတွင် စကစနှင့်ပျူစောထီး ၁၀ ယောက်ကျော်သေဆုံး Reviewed by THITHTOOLWIN on 21:13 Rating: 5

No comments:

Powered by Blogger.