ကလေးတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီစစ်သား အနည်းဆုံး ၁၇ ဦး သေဆုံး

နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂၁

ယမန်နေ့ကတည်းက လူသတ်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ သိမ်းပိုက်နေရာယူထားသည့် PDF (Kalay) တပ်ရင်း ၃ တပ်ခွဲတစ်ခု၏ စခန်းငယ်ကုန်းကို ယနေ့နံနက် ၈ နာရီ ဝန်းကျင်မှစတင်၍ ညနေပိုင်းအထိ PDF (Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းညှပ်ပိတ်ဆို့၍ တနေ့ကုန်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် စစ်ကူဖြည့်ရန် နဂါးပွက်ဘက်မှ စစ်ကြောင်းများခွဲ၍ တက်လာသော စစ်ကောင်စီတပ်ဖွဲ့များကို PDF (Kalay) တပ်ဖွဲ့များက တစ်နေ့တာလုံး ရွေ့လျားဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါသည်။

ကလေးမြို့နယ် အနောက်တောင်ဘက်တစ်ကြော၌ တစ်နေ့တာလုံးပြင်းထန်ခဲ့သည့် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်သား အနည်းဆုံး ၁၇ ဦး သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၁ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ပါသည် (မစိုးရိမ်ရပါ)။ ထို့အပြင် နေ့လည် ၂ နာရီခန့်တွင် ကလေးမြို့၊ ဗိုလ်ချုပ်လမ်း၊ တာဟန်းရပ်ကွက်၊ နေကြာတိုက်‌အနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်များကို PDF (Kalay) နှင့် Zomi PDF တပ်ဖွဲ့များပူးပေါင်း၍ ရုတ်တရက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦးခန့် ဒဏ်ရာရရှိသွားပါသည်။

ယမန်နေ့က အဖမ်းဆီးခံထားရသော မိမိတို့ PDF (Kalay) တပ်ရင်း ၃ ၏ medical team တပ်ဖွဲ့ဝင်အမျိုးသမီးငယ်များမှာ လူသတ်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လက်ဝယ်တွင် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး သိမ်းပိုက်ထားသော စခန်းနေရာပတ်လည်ကို PDF (Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ဖြတ်တောက်ထားသဖြင့် ထိုနေရာမှ ထွက်ခွာသွားနိုင်ခြင်း မရှိသေးပါ။ ဖမ်းဆီးခံတပ်ဖွဲ့ဝင်များ၏ နောက်ဆုံးအခြေအနေကို သိရှိနိုင်ခြင်းမရှိသေးပါ။

PDF (Kalay)



ကလေးတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီစစ်သား အနည်းဆုံး ၁၇ ဦး သေဆုံး  ကလေးတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီစစ်သား အနည်းဆုံး ၁၇ ဦး သေဆုံး Reviewed by THITHTOOLWIN on 04:39 Rating: 5

No comments:

Powered by Blogger.