တန့်ဆည် ပညာရေးမှူးရုံးရှေ့ လမ်းသွားလမ်းလာများကို သေနတ်ပြ ငွေညှစ်နေသည့် စကစများ မိုင်းဆွဲခံရကာ နှစ်ဦးသေ၊


တန့်ဆည်၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်ရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ယနေ့ ညနေပိုင်းက လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို သေနတ်ပြ ခြိမ်းခြောက်ကာ စစ်ဆေးငွေညှစ်နေသည့် စစ်ကောင်စီ လက်နက်ကိုင်များကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ နှစ်ဦး သေကြောင်း တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ထုတ်ပြန်သည်။

"ညနေ ၄နာရီခွဲအချိန် တန့်ဆည်မြို့နယ် ရဲစခန်းမှ စကစတပ်များသည် ဆိုင်ကယ်ဖြင့် သုံးစီး၊ ကား အသေး တစ်စီးဖြင့် ထွက်လာပြီး၊ ပညာရေးမှူးရုံးရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးခြင်း၊ ငွေတောင်းခြင်းများ ပြုလုပ်လျှက် ရှိသောကြောင့် တန့်ဆည်မြို့နယ် ပ က ဖ အဖွဲ့မှ မိုင်းခွဲ တိုက်ခိုက်ခဲ့ပါတယ်" ဟု တန့်ဆည် ပကဖက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ လက်နက်ကိုင် နှစ်ဦး သေပြီး ၄င်းတို့အဖွဲ့များ အထိအခိုက် မရှိဟု တန့်ဆည် ပကဖက ဆိုသည်။

ယနေ့ နိုဝင်ဘာ(၂၀)ရက် ညနေပိုင်းကလည်း တန့်ဆည်မြို့နယ် ကပဲရွာနှင့် ဘေရင်းရွာအနီးတွင်  စစ်ကောင်စီ တပ်သားနှင့် ပျူစောထီးများ ပါဝင်သော လက်နက်ကိုင် အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေ(၃)နာရီဝန်းကျင်တွင် အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ စစ်ကူလာသော စကစ ဗင်ကားတစ်စီးကို ငတန်းရွာအနီးတွင် မိုင်းဖောက်ခွဲတိုက်ခိုက်ရာ ကားပေါ်ပါ စစ်ကောင်စီ လက်နက်ကိုင် လေးဦး ပွဲချင်းပြီး သေဆုံးကြောင်း တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားသည်။

အဆိုပါ တန်ပဆည်မြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကိုင်များ သေဆုံးမှု အခြေအနေနှင့် ပတ်သက်၍ MFP  အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။


Yesagyo Township Info Committee

တန့်ဆည် ပညာရေးမှူးရုံးရှေ့ လမ်းသွားလမ်းလာများကို သေနတ်ပြ ငွေညှစ်နေသည့် စကစများ မိုင်းဆွဲခံရကာ နှစ်ဦးသေ၊ တန့်ဆည် ပညာရေးမှူးရုံးရှေ့ လမ်းသွားလမ်းလာများကို သေနတ်ပြ ငွေညှစ်နေသည့် စကစများ မိုင်းဆွဲခံရကာ နှစ်ဦးသေ၊ Reviewed by THITHTOOLWIN on 20:12 Rating: 5

No comments:

Powered by Blogger.