ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန် ထောက်လှမ်းရေး တွေ့ဆုံမှုမှာ မြန်မာ့အရေးဆွေးနွေး


အမေရိကန် ထောက်လှမ်းရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟင်နဲ့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ မနေ့က တံခါးပိတ် တွေ့ဆုံစည်းဝေးခဲ့ပြီး အဲဒီဆွေးနွေးမှုတွေမှာ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မနေ့က တွေ့ဆုံဆွေးနွေးမှုမှာ ဒေသတွင်းလုံခြုံရေး၊ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေနဲ့ ထိုင်းနိုင်ငံက လူသားချင်းစာနာမှု အကူအညီတွေပေးရေး ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မစ္စတာ ကိုဟင်ဟာ ထိုင်းခရီးစဥ်အပြီးမှာ နောက်ထပ် အာဆီယံ နှစ်နိုင်ငံကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းလုံခြုံရေးကောင်စီက တာဝန်ရှိသူ တစ်ဦးက ဒီတွေ့ဆုံမှုကို အတည်ပြုပြီး ဒီတွေ့ဆုံမှုမှာ ထိုင်းနဲ့ အာဆီယံနိုင်ငံတွေကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီခရီးစဥ်ဟာ အမေရိကန် ထောက်လှမ်းရေး အဆင့်မြင့် အရာရှိတစ်ဦးအနေနဲ့ ထိုင်းကို သတင်းအချက်အလက် ဖလှယ်ရေးအတွက် နှစ်စဥ်လာရောက်နေကျ ပုံမှန် ခရီးစဥ် ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

BBC Burmese

ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန် ထောက်လှမ်းရေး တွေ့ဆုံမှုမှာ မြန်မာ့အရေးဆွေးနွေး ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန် ထောက်လှမ်းရေး တွေ့ဆုံမှုမှာ မြန်မာ့အရေးဆွေးနွေး Reviewed by THITHTOOLWIN on 17:47 Rating: 5

No comments:

Powered by Blogger.