မုံရွာမြို့မှာ ဒီကနေ့ည ကင်းပတ်ပြန်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပစ်ခတ်သံများထွက်ပေါ်နေ

ဓာတ်ပုံ-RNA 

နိုဝင်ဘာ၁၇

စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ အလုံ-နမခတပ်အတွင်းသွားသို့ ပြန်သွားသည့် စစ်ကောင်စီယာဉ်တန်း၃စီးကို Monywa NightKingအဖွဲ့နှင့်သံမဏိအဖွဲ့သားများမှ ဒီကနေ့ည၁၁နာရီဝန်းကျင်ခန့်ကဂအိုးဘိုတောင်တံတားနှင့်  ငါးဒိုင်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကား၁စီးပျက်ဆီးခဲ့သည်ဟု Monywa NightKing  အဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

အဲ့လိုမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်သံ၇ချက်အတိ ရှိတယ်လို့လည်း မုံရွာဒေသခံတစ်ဦးက RNAကိုပြောပါတယ်။

"အိမ်စီးကား၂စီးနဲ့ပွိုင့်ကား၁စီး ကင်းပတ်ပြီးပြန်လာတာနေမှာ ၊ပြန်လာပြီး နမခဘက်ကိုပြန်သွားတာ၊ခဏအကြာတော့ အိုးဘိုတောင်တံတားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ MonywaNightKingအဖွဲ့က ထုတ်ပြန်ကြေညာလိုက်တယ်၊ပြီးတော့ ပစ်သံတွေ ၇ချက်လောက်ကို ကြားရတယ် တစ်ချက်ချင်းပဲ၊အိမ်စီးကားတွေနဲ့ သူတို့ကသောင်းကျန်းနေကြတာ ၊အိမ်စီးကားတွေကိုဖြစ်နိုင်ရင် မစီးဖို့နဲ့ မှန်ချမောင်းဖို့မေတ္တာရပ်ခံထားတာကို မှန်လဲချမမောင်းကြဘူး"လို့ မုံရွာဒေသခံတစ်ဦးက ပြောသည်။

မုံရွာမြို့မှာ မနေ့က နိုဝင်ဘာ၁၆ရက်နေ့မှာလည်း ဒုအရာခံဗိုလ်မှုးတစ်ဦးနှင့်စုံစမ်းထောက်လှမ်းရေးတစ်ဦး အသတ်ခံရတာတွေရှိသလို ဒီကနေ့ညနေပိုင်းမှာလည်း ဖမ်းဆီးမှုများရှိခဲ့သည်။


 Regional News Agency -RNA

မုံရွာမြို့မှာ ဒီကနေ့ည ကင်းပတ်ပြန်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပစ်ခတ်သံများထွက်ပေါ်နေ မုံရွာမြို့မှာ ဒီကနေ့ည ကင်းပတ်ပြန်လာသည့်  စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပစ်ခတ်သံများထွက်ပေါ်နေ Reviewed by THITHTOOLWIN on 04:53 Rating: 5

No comments:

Powered by Blogger.