ဒီးမော့ဆို အနီး ညပိုင်း တိုက်ပွဲဖြစ်

၁၅ မိုင်လောက် ရှည်တဲ့ ဒီးမော့ဆို - မိုးဗြဲကားလမ်း ဘယ်ညာ တလျောက်က နေအိမ်တွေမှာ မရှိသလောက်ဖြစ်သွား

ကယားပြည်နယ်ဒီးမော့ဆိုမြို့အနီးက စံပြ ခြောက်မိုင်ရွာ နဲ့ ဒေါပိုးစီ ရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNDFပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNDF က သတင်းတွေထုတ်ပြန်ပါတယ်။

လွိုင်ကော်-ဒီးမော့ဆို လမ်းပေါ်က စံပြ ခြောက်မိုင်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KNDF နဲ့ KAတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်မြို့နယ် ဒေါဆန်းဘွန်းကျေးရွာဘက်ကနေ ဒီးမော့ဆို စံပြ ခြောက်မိုင်ရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့ပြီး စံပြ ခြောက်မိုင် ကက်သလစ် ဘုရားရှိခိုးကျောင်းမှာ တပ်စွဲနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့ပြီး KNDF ဘက်က တစ်ဦးဒဏ်ရာရတယ်လို့ KNDF ပြောပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီကနေ့ မနက်ကလည်း ကယားပြည်နယ်၊ လွိုင်​ကော်မြို့၊ နောင်ယား ခရစ်ယာန်ကျောင်းတိုက်၊ ခရစ္စတူးဘုရင်ဘုရားကျောင်းကို စစ်​ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းတိုက်အတွင်းက ခရစ်ယာန် ဘုန်း​တော်ကြီး၊ သီလရှင်၊ ဆရာဝန်၊ သူနာပြုနဲ့ လူအချို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

BBC Burmese

ဒီးမော့ဆို အနီး ညပိုင်း တိုက်ပွဲဖြစ် ဒီးမော့ဆို အနီး ညပိုင်း တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 07:16 Rating: 5

No comments:

Powered by Blogger.