အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ထံ သတင်းပေးပို့နေသော အရက်ရောင်းချသည့်လင်မယားနှစ်ဦး အသတ်ခံရ

ဓာတ်ပုံ-CJ

နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်မြစ်ရိုးအောက်ဒေသ တုံရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတွင် နိုဝင်ဘာ၂၁ရက်နေ့ ည၁၀နာရီဝန်းကျင်ခန့်က အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင်တို့အား သတင်းပေးပို့နေသည့် အရက်ရောင်းချသူလင်မယားနှစ်ဦးကို သေနတ်နှင့်ပစ်သတ်သွားတယ်လို့ မိတ်ဖက်မျက်မှောတ်ခေတ်သတင်းဌာနထံမှ သိရသည်။

အဲ့ဒီလင်မယားနှစ်ဦးဟာ အရင်ကချဲရောင်းသည့်လုပ်ငန်းကိုလုပ်ကိုင်ခဲ့ပြီး ယခုအခါ အရက်ချက်ရောင်းသည့်လုပ်ငန်းကိုလုပ်ကိုင်နေသည့်အပြင် အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့ဝင်တို့အား သတင်းပေးအဖြစ်လည်း လုပ်ကိုင်ဆောင်ရွက်နေတယ်လိူ့ ဒေသခံများက မျက်မှောက်ခေတ်သတင်းဌာနကိုပြောပါတယ်။

"အဲ့ဒီလင်မယားက အရင်တုန်းကတော့ ချဲရောင်းတယ်ဗျ၊အခုတော့အရက်ချက်ရောင်းတယ်၊ PDF အဖွဲ့ရဲ့ လှုပ်ရှားမှု့တို့ အဲ့အဖွဲ့ကို လှူတဲ့သူတို့ကို စစ်တပ်နဲ့ ပျူစောထီးတွေကို သတင်းပေးတယ်ဆိုပြီး ဒလန်ရှင်းတဲ့အဖွဲ့လို့ထင်တာပဲ သေနတ်နဲ့ပစ်သတ်သွားတယ်"ဟု ပြောပါတယ်။ 

စစ်တပ်နှင့်ပျူစောထီးအဖွဲ့တွေထံ သတင်းပေးပို့လျက်ရှိသည့် အရက်ချက်ရောင်းသည့် လင်မယားနှစ်ဦးကို မည်သည့်အဖွဲ့အစည်းက သေနတ်နှင့်ပစ်သ တ်ရှင်းလင်းလိုက်တယ်ဆိုတာ လတ်တလောမသိရှိရသေးပေးမယ့် မင်းကင်းမြို့နယ်မှာ စစ်ကောင်စီသတင်းပေးများ ခပ်စိပ်စိပ်အသ တ်ခံနေရတာတွေရှိသလို ပျူစောထီးအဖွဲ့ဝင်များကလည်း ကူလဲကျေးရွာကို ဝင်ရောက်သောင်းကျန်းနေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရတယ်လိူ့ သိရှိရပါတယ်။ 


Regional News Agency -RNA

အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ထံ သတင်းပေးပို့နေသော အရက်ရောင်းချသည့်လင်မယားနှစ်ဦး အသတ်ခံရ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ထံ သတင်းပေးပို့နေသော အရက်ရောင်းချသည့်လင်မယားနှစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 00:17 Rating: 5

No comments:

Powered by Blogger.