မန္တလေးမှာ စစ်တပ် စီးပွားရေးလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို မသုံးဖို့ ဆန္ဒပြ

မန္တလေးမှာ စစ်တပ် စီးပွားရေးလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို မသုံးဖို့ လူငယ်တွေက ဆန္ဒပြ  / CJCopyright: CJ

မန္တလေးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ညပိုင်းက စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေက ထုတ်တဲ့ထုတ်ကုန်တွေကို မသုံးဖို့ဆိုပြီး ထုတ်ကုန်အချို့ကို မီးရှို့ဖျက်ဆီးကာ လူငယ်တွေက ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ စစ်တပ်နဲ့ ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်းတွေက ထုတ်တဲ့ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ ပိုစတာတွေကို ကိုင်စွဲပြီးတော့လည်း ဆန္ဒပြကြခဲ့ကြပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေက ထုတ်လုပ်တဲ့ ဘီယာတွေနဲ့ သတင်းစာတွေကိုဖျက်ဆီးခဲ့တဲ့ ဗီဒီယိုရုပ်သံတစ်ခုကိုစစ်ကိုင်းတိုင်း ကနီ PDF ကလည်း ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ ဗီဒီယိုဖိုင်မှာ ဘီယာဗူးတွေကို စီပြီး ကားနဲတက်ကြိတ်ခဲ့သလို သတင်းစာတွေကိုလည်း မီးရှို့ခဲ့ကြတာကို တွေ့ရပါတယ်။

စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေက ထုတ်ကုန်တွေကို အသုံးပြုခြင်းသယ်ဆောင်ခြင်း၊ရောင်းချခြင်းနဲ့ ဝယ်ယူခြင်းများကိုတွေ့ရှိပါကပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမယ်လို့ PDF အဖွဲ့အချိုက စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးခဲ့တာရှိပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်တွေ မနေ့က ရှာဖွေမှု ဖမ်းဆီးမှုတွေလုပ်ခဲတဲ့ ရန်ကုန်က လှိုင်မြို့နယ်မှာလည်း ဆန္ဒပြမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

BBC Burmese



မန္တလေးမှာ စစ်တပ် စီးပွားရေးလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို မသုံးဖို့ ဆန္ဒပြ မန္တလေးမှာ စစ်တပ် စီးပွားရေးလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို မသုံးဖို့ ဆန္ဒပြ Reviewed by THITHTOOLWIN on 01:03 Rating: 5

No comments:

Powered by Blogger.