သထုံရှိ သဘာဝဓါတ်ငွေ့လိုက်လိုင်းတစ်ခု ဖောက်ခွဲဖျက်စီး ခံရ


သထုံ၊ နိုဝင်ဘာလ ၁၂

သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာနဲ့နောင်ဘိုကျေးရွာကြားရှိ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတစ်ခု နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းက ဖောက်ခွဲခံရတယ်လို့ သိရပါတယ်။

ယမန်နေ့ည ၆ နာရီကျော်ခန့်မှာ ဓါတ်ငွေ့ပိုက်လိုင်းဖောက်ခွဲခံရတာဖြစ်ပြီး ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲတာကြောင့် လူနဲ့တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ ဓါတ်ငွေ့တွေသာ ယိုစိမ့်ခဲ့တယ်လို့ သိရပါတယ်။

"ညက ပေါက်ကွဲသံတော့ အကျယ်ကြီးကြားရတယ်။ မြေပါတုန်တယ်။ မနက်ကျ ကြားတာက ဓါတ်ငွေ့ပိုက်လိုင်းဖောက်ခွဲခံရတယ်လို့ ကြားတယ်။ လူတွေထိခိုက်တာတော့မရှိဘူး''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းမှာ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချရန် ဆက်သွယ်ထားတဲ့ ပိုက်လိုင်းတစ်ခုဖြစ်တယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

ဓါတ်ငွေပိုက်လိုင်း ဖောက်ခွဲမှုကို သထုံခရိုင် KNU၊ KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂)နဲ့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၊ သထုံပြည်သူ့ပြောက်ကျားမျးတပ်ဖွဲ့(TPG)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)က ထုတ်ပြန်ထားပါတယ်။

"မြေပြင်အဖွဲ့ကို ဆက်သွယ်တာ တပ်ရင်း(၂)တပ်ရင်းမှူးနဲ့အဆက်သွယ်မရသေးဘူး။ ပေါက်ကွဲသံကြားတယ်လို့တော့ ပြောတယ်။ ဒီဖောက်ခွဲမှုမှာ တပ်ရင်း ၂ ကအဖွဲ့တွေ ပါ မပါတော့ သေချာအတည်မပြုနိုင်သေးဘူး''လို့ KNLA တပ်မဟာ(၁)မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါ ဓါတ်ငွေပိုက်လိုင်းမှာ စစ်ကောင်စီရဲ့ ဝင်ငွေထောက်တိုင်တစ်ခုဖြစ်တဲ့ နိုင်ငံခြားကို တင်ပို့ရောင်းချနေတဲ့ ဓတ်ငွေ့ပိုက်လိုင်းတစ်ခုဖြစ်တယ်လို့လည်း (TPDF)က ထုတ်ပြန်ထားပါတယ်။

သတင်း - သံလွင်တိုင်းမ်


သထုံရှိ သဘာဝဓါတ်ငွေ့လိုက်လိုင်းတစ်ခု ဖောက်ခွဲဖျက်စီး ခံရ သထုံရှိ သဘာဝဓါတ်ငွေ့လိုက်လိုင်းတစ်ခု ဖောက်ခွဲဖျက်စီး ခံရ Reviewed by THITHTOOLWIN on 19:37 Rating: 5

No comments:

Powered by Blogger.