ထိုင်းတောင်ပိုင်းက ငါးဖမ်းလှေတစ်စင်းပေါ်မှာ မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုဖြစ်ပွား

နိုဝင်ဘာ-၂၂၊၂၀၂၁

ထိုင်းနိုင်ငံတောင်ပိုင်း စတူခရိုင် ပင်လယ်ပြင်ထဲမှာရှိတဲ့ ငါးဖမ်းလှေတစ်စင်းပေါ်မှာ ဒီကနေ့မနက်ပိုင်းက မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ထိုင်းရေတပ် (THAIMECC3 )က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ 

ဒီကနေ့ မနက် ၆ နာရီခွဲအချိန်က စတူခရိုင် ပင်လယ်ပြင်ထဲမှာရှိတဲ့ ငါးဖမ်းလှေတစ်စင်းပေါ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေဖြစ်ကြတဲ့ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ အောင်မိုးသူနဲ့ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ ဟိန်းကိုကိုတို့နှစ်ယောက်ကြား စကားများရန်ဖြစ်ခဲ့ကြတာပါ။ 

အဲ့ဒီလို စကားများရန်ဖြစ်ရာကနေတစ်ဆင့် ဟိန်းကိုကိုက အောင်မျိုးသူရဲ့လည်ပင်းကို ဓားနဲ့ထိုးသတ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လူသတ်မှုဖြစ်ပွားပြီးတဲ့နောက် ဟိန်းကိုကိုဟာ ငါးဖမ်းလှေတွေမှာ လိုက်ရှောင်ပုန်းနေပေမယ့် ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ထိုင်းရေတပ် (THAIMECC3)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 


ဓာတ်ပုံ - THAIMECC3


𝕂𝕝𝕠 FM - 𝕴𝖓𝖋𝖔𝖙𝖆𝖎𝖓𝖒𝖊𝖓𝖙

ထိုင်းတောင်ပိုင်းက ငါးဖမ်းလှေတစ်စင်းပေါ်မှာ မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုဖြစ်ပွား ထိုင်းတောင်ပိုင်းက ငါးဖမ်းလှေတစ်စင်းပေါ်မှာ မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:43 Rating: 5

No comments:

Powered by Blogger.