ဖြုံဘူးရွာ၌ လူမရှိသောအိမ်များကို ဝင်ရောက်ဖျက်ဆီးမွှေနှောက်ပြီး ဗိုလ်ချုပ်ရုပ်ထုကို စစ်ကောင်စီအဖွဲ့က ဖျက်ဆီးသွား


ရေစကြို၊ နိုဝင်ဘာ ၂၁၊ ၂၀၂၁။

ရေစကြိုမြို့နယ် ဖြုံဘူးကျေးရွာစစ်ကောင်စီနှင့် ပျူဒလန်အဖွဲ့များက နိုဝင်ဘာ ၂၀ ရက်နေ့ နေ့လည် ၁၂ အချိန်တွင် သေနတ်များပစ်ဖောက်ကာ ကျေးရွာရှိ ဗိုလ်ချုပ်ကြေးရုပ်ထုကိုလည်းဖျက်ဆီးပြီး အိမ်တွင်းရှိပစ္စည်းများအား မွှေနှောက်ဖျက်ဆီး ပစ္စည်းများ ယူဆောင်သွားကြကြောင်းဒေသခံများထံက သိရပါတယ်။

“ဖြုံဘူးရွာကို ၁၂ နာရီဝန်းကျင်လောက်ဝင်တာ၊ဝင်ပြီးတော့သေနတ်တွေ ပစ်ဖေါက်ကြတယ်၊ လူတွေကမရှိကြဘူး၊ ရွာကအိမ်တွေဖောက်ပြီးပစ္စည်းတွေယူသွားကြပါတယ်၊ ပိုက်ဆံ၊ ထမင်း၊ ဟင်း၊ ဖုန်း၊ အရက်၊ ဘီယာ၊ ဦးထုပ်၊ အဝတ်အထည်တွေကစ ခိုးယူ၊ စားသောက်၊ ဖျက်ဆီး ယူဆောင်သွားကြ‌ပါတယ်၊ရွာမှာဗိုလ်ချုပ်ကြေးရုပ်ရှိတာကို လှဲပြီးဖျက်ဆီးသွားကြပါတယ်၊” ‌‌ဒေသံခံတစ်ဦးကပြောပါတယ်။ 

ဖြုံဘူးရွာမှာအိမ်ခြေ  ၂၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၆၀၀ နီးပါးလောက်ရှိကာ ရွာအတွင်းရှိ နေအိမ် (၈) အိမ်ခန့်ကို စစ်ကောင်စီအင်အား (၅၀) ခန့်က ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း ‌ဒေသခံများကပြောပါ။ 

မြေလတ်အသံ - Myaelatt Athan 



ဖြုံဘူးရွာ၌ လူမရှိသောအိမ်များကို ဝင်ရောက်ဖျက်ဆီးမွှေနှောက်ပြီး ဗိုလ်ချုပ်ရုပ်ထုကို စစ်ကောင်စီအဖွဲ့က ဖျက်ဆီးသွား ဖြုံဘူးရွာ၌ လူမရှိသောအိမ်များကို ဝင်ရောက်ဖျက်ဆီးမွှေနှောက်ပြီး ဗိုလ်ချုပ်ရုပ်ထုကို စစ်ကောင်စီအဖွဲ့က ဖျက်ဆီးသွား Reviewed by THITHTOOLWIN on 20:27 Rating: 5

No comments:

Powered by Blogger.