ပုလဲမြို့နယ် တွင်ဗိုလ်နဂါးဦးဆောင်တဲ့ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က က်စစ်ကောင်စီတပ်များကိုတိုက်ခိုက် စကစတပ်သား ၂ ဦးသေ


နိုဝင်ဘာ ၂၅

နိုဝင်ဘာလ ‌၂၅ရက်နေ့ ယနေ့ နေ့လည်၁နာရီခန့်အချိန်တွင်ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များသည် ကန့်ဒေါင့်ကျေးရွာမြောက်ဘက် ကြောင်ဝင်ဒူးကျေးရွာသို့ သွားရောက်ခြိမ်းခြောက်မှုများပြုလုပ်ခဲ့တယ်လို့သိရသည်။

ထိုသိုပြုလုပ်ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်များကိုဗိုလ်နဂါးဦးဆောင်သည့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)ဆရာဇော်ဂျီ၏တပ်ခွဲမှ ရဲဘော်အံ့သက်၏အဖွဲ့နှင့် ပုလဲဂျော်ကာတပ်ဖွဲ့ ရဲဘော်​ေနအောင်၏တပ်ဖွဲ့ဝင်များမှ ကြောင်ဝင်ဒူးကျေးရွာ၏ တောင်ဘက်အရောက်တွင်တိုက်ခိုက်ခဲ့တယ်လို့သိရသည်။

ထိုတိုက်ခိုက်မှုတွင် အကြမ်းဖက်အထူးရဲတပ်ဖွဲ့ဝင်(၂)ဦး ထိုနေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။ကျန်အကြမ်းဖက်တပ်ဖွဲ့ဝင်များမှ ကြောင်ဝင်ဒူးကျေးရွာ ပြည်သူ့နေအိမ်များအား မီးရှို့သွားခဲ့တယ်လို့လဲသိရသည်။


Zayartime Media-ဇေယျာတိုင်း မီဒီယာ

ပုလဲမြို့နယ် တွင်ဗိုလ်နဂါးဦးဆောင်တဲ့ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က က်စစ်ကောင်စီတပ်များကိုတိုက်ခိုက် စကစတပ်သား ၂ ဦးသေ ပုလဲမြို့နယ် တွင်ဗိုလ်နဂါးဦးဆောင်တဲ့ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က က်စစ်ကောင်စီတပ်များကိုတိုက်ခိုက် စကစတပ်သား ၂ ဦးသေ Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.