အဓမ္မပြုကျင့်ခြင်းခံရသည့် မိသားစုနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း


ရက်စွဲ  - ၁၆ နိုဝင်ဘာ ၂၀၂၁ 

စာအမှတ်   - ၂၀၂၁၁၁၀၇

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာတွင် နေထိုင်သော မီးဖွားကာစ မိခင်တစ်ဦးကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်သား (၃) ဦးက နိုဝင်ဘာ (၁၁)၊ ၂၀၂၁ ရက်နေ့တွင် မိသားစု ရှေ့မှောက်၌ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်အပြင် ခင်ပွန်းသည်ကို ညှင်းပန်းနှိပ်စက်ပြီး အဖိုးတန် လက်ဝတ်တန်ဆာများကိုလည်း လုယူခဲ့ကြသည်။   

အာဏာသိမ်းစစ်ကောင်စီ၏ လက်ပါးစေများမှ ဤကဲ့သို့ လူမဆန်သော ရိုင်းစိုင်းယုတ်မာရက်စက်မှုများကို ဖုံးဖိရန်ကြိုးစားသည့်အပြင် ယင်းကိစ္စကို ထုတ်ဖော်ပြောဆိုသော ကာယကံရှင်မိသားစုများနှင့် အခြား ပုဂ္ဂိုလ် များကို အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့သည်။ ယခုကဲ့သို့ အနိုင်ကျင့်စော်ကားပြီး လူ့အခွင့် အရေးချိုးဖောက်ခြင်းသည် ဇိုမီးလူမျိုး၊ ချင်းတမျိုးသားလုံးနှင့် မြန်မာပြည်သူလူထု တရပ်လုံးကို အနိုင်ကျင့် စော်ကားခြင်းဖြစ်သည်။ 

လက်ရှိအချိန်တွင် နစ်နာသူကာယကံရှင်မိသားစုသည် Zomi Federal Union ၏ စောင့်ရှောက်မှုအောက် တွင် လုံခြုံစွာရောက်ရှိနေပြီဖြစ်ပြီး လိုအပ်သော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုသမှုနှင့်ပံ့ပိုးမှုများ ခံယူလျှက် ရှိသည်။

ယခုဖြစ်စဥ်ကဲ့သို့သော ရိုင်းဆိုင်းယုတ်မာမှုများသည် အကြမ်းဖက်စစ်တပ်မှ နှစ်ပေါင်းများစွာ ကျူးလွန်လာ ခဲ့သည့် စစ်ရာဇဝတ်မှုများဖြစ်ပြီး ဤလူမဆန်သော လုပ်ရပ်များ၊ မတရားမှုများအတွက် တရားမျှတမှုကို ဖော်ဆောင်ကာ နစ်နာသူအားလုံးအတွက် လက်တုန့်ပြန်သွားမည်ဖြစ် ကြောင်းကြေညာလိုက်သည်။

ဇိုမီးဖက်ဒရယ်အစည်ရုံး

Zomi Federal Union

English translation 

Press release on behalf  of the family of the victim

Date     - 16 November 2021

Letter No.   – 20211107

On November 11, 2021, three members of the military coup repeatedly raped a mother, who just gave birth, in front of her family, tortured her husband, and confiscated their valuable jewelry in Ak Luai Village, Tedim Township, Chin State.

Coup d'état members’ attempts to cover up such inhumane atrocities have threatened the lives of the victims' families and others who have spoken out. Such abuses and human rights abuses are rampant among the Zomi people. It is an insult to the Chin people and the people of Burma as a whole.

Currently, the victim's family is in the care of the Zomi Federal Union, and is receiving the necessary mental and physical help and support. 

The atrocities like this are the result of years of war crimes committed by the terrorist military army. It is announced that justice will be done for all the victims of these kind of inhuman and injustice acts.

ဇိုမီးဖက်ဒရယ်အစည်ရုံး

Zomi Federal Union


 Chinland Defense Force

အဓမ္မပြုကျင့်ခြင်းခံရသည့် မိသားစုနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း အဓမ္မပြုကျင့်ခြင်းခံရသည့် မိသားစုနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း Reviewed by THITHTOOLWIN on 20:45 Rating: 5

No comments:

Powered by Blogger.