ကလေးမြို့တွင်းနဲ့ နယ်ရွာတွေမှာ ဗုံးပေါက်ကွဲသံတွေကြားနေရ၊ အင်းကျော်ရွာ မီးရှို့ခံရ


ကလေးမြို့တွင်း ၂ နေရာတွင်လည်းကောင်း၊ စက္ကန့်ကျေးရွာအနောက်ဘက် ချင်းပြည်နယ်တွင်လည်း ဗုံးပေါက်ကွဲသံတွေကြားရပြီး မြစ်သာမြစ်အရှေ့ဘက် ဥယျာဉ်ကျေးရွာ လူနေအိမ် ၁လုံး ယနေ့ (နိုဝင်ဘာ ၁၄) ကမီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေထံမှ သတင်းရရှိပါတယ်။ 

ကလေးမြို့ တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံလမ်းကြားမှာရှိတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နေတဲ့အိမ်ကို ဗုံးပစ်ခံရလို့ တစ်ယောက် သေဆုံးတယ်လို့သိရတယ်။ ဒါ့ပြင် အောင်မင်္ဂလာရပ်ကွက် စကားလှဘုန်းကြီးကျောင်းတောင်ဘက်လမ်းကြားတွင် လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲ၍ လျှပ်စစ်မီးကြိုးပြတ်သွားပါတယ်လို့ သတင်းရရှိပါတယ်။ 


ကလေးတက္ကသိုလ်ရဲ့တောင်ဘက် ချင်းပြည်နယ်ထဲတွင် ဒီနေ့ နေ့လည် ၁ နာရီကျော်ကစပြီး လက်နက်ကြီး ပေါက်ကွဲသံ ၁၅ ကြိမ်ထက်မနည်းကြားနေရတယ်လို့ အနီးရှိ စက္ကန့်ရွာသားတွေထံမှသတင်းရရှိပါတယ်။ ဒါကြောင့် ရွာသားတွေအားလုံးနီးပါး မြို့ထဲသို့ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ 

မြစ်သာမြစ်အရှေ့ဖက် ဥယျာဉ်ကျေးရွာတွင် ယနေ့ညနေပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်က လူနေအိမ် တစ်လုံးမီးရှို့သွားတယ်လို့သိရတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မနေ့ကတည်းက ရွာထဲသို့ဝင်ရောက်တပ်စွဲကြတာကြောင့် ဥယျာဉ်ရွာသားအားလုံးထွက်ပြေးကြပြီး အနီးရှိ အင်းကျော်ကျေးရွာပြည်သူတွေလည်းထွက်ပြေးကြပါတယ်။

Zalen 

ကလေးမြို့တွင်းနဲ့ နယ်ရွာတွေမှာ ဗုံးပေါက်ကွဲသံတွေကြားနေရ၊ အင်းကျော်ရွာ မီးရှို့ခံရ ကလေးမြို့တွင်းနဲ့ နယ်ရွာတွေမှာ ဗုံးပေါက်ကွဲသံတွေကြားနေရ၊ အင်းကျော်ရွာ မီးရှို့ခံရ Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.