ခြေလျင်ထွက်ခွာလာတဲ့ စစ်အုပ်စု မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂၅ ဦးဒဏ်ရာပြင်းထန်ရ


ပုလဲ၊ နို၀င်ဘာ ၁၁၊ ၂၀၂၁။ 

ပုလဲမြို့နယ်အတွင်း ခြေလျှင်ထွက်ခွာလာတဲ့ စစ်အုပ်စုကို နို၀င်ဘာ ၁၀ရက် ယမန်နေ့နေ့လည် ၅နာရီလောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး တပ်သား ၂၅ ဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့   ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ် ( Pale PDF - headquarters) ကသတင်းထုတ်ပြန်ထားပါတယ်။ 

စစ်‌ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ၀မ်းဘဲချိုင့်ကျေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ်သား ၇၀ ကျော်ကို နဂါးမတောင်အနောက်ဘက် ပုလဲ-ဂန့်ဂေါလမ်းမကြီးပေါ်  အရောက်မှာ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်အဖွဲ့ဝင် ပုံတောင်တိုက်ဂါးအဖွဲ့ လက်ခွဲ(၁)က  မိုင်း(၁၀)လုံးဆွဲပြီးတိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ဒဏ်ရာရထားတဲ့တပ်သား‌တွေဟာ သေဆုံးနိုင်ခြေများတယ်လို့ထုတ်ပြန်ထားခဲ့ပြီး  နောက်ဆက်တွဲအခြေအနေကိုတော့ မြေလတ်အသံအနေနဲ့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ 

အခုရက်ပိုင်း ပုလဲမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ခိုက်မှုတွေပြင်းထန်နေပြီး ပြီးခဲ့တဲ့ နို၀င်ဘာ ၈ရက် မနက်ပိုင်းမှာလည်း ဝမ်းဘဲဂျိုင့်ကျေးရွာအနီးမှာ  အုပ်စုဖွဲ့ချီတက်လာတဲ့ စစ်ကောင်စီတပ်သား ၈၀ ကျော်ကို  PRA ၊ Pale PDF-Headquarters နှင့် ဂျိုကာ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့  တပ်သား ၅၅ ဦးသေဆုံးခဲ့ပါသေးတယ်။ 

မြေလတ်အသံ - Myaelatt Athan 

ခြေလျင်ထွက်ခွာလာတဲ့ စစ်အုပ်စု မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂၅ ဦးဒဏ်ရာပြင်းထန်ရ ခြေလျင်ထွက်ခွာလာတဲ့ စစ်အုပ်စု မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂၅ ဦးဒဏ်ရာပြင်းထန်ရ Reviewed by THITHTOOLWIN on 19:39 Rating: 5

No comments:

Powered by Blogger.