စည်ပင်ရုံးဗုံးပေါက်ကွဲမှုကြောင့် အစောင့်စစ်သားဗုံးထိ သေဆုံး


ရေနံချောင်း၊ နိုဝင်ဘာ ၁၉၊ ၂၀၂၁။

မကွေးတိုင်း၊ ရေနံချောင်းမြို့မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က စည်ပင်ရုံးကို ရေနံချောင်း PDF က နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စည်ပင်ရုံးစောင့် စစ်သားတဦး မိုင်းထိကာ သေဆုံးသွားကြောင်း ရေနံချောင်း PDF က တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

"မနေ့ကနှစ်နေရာဖေါက်ခွဲခဲ့တာ စည်ပင်ရုံး‌အစောင့်ကြနေတဲ့စစ်သားဗုံးထိပြီး သေသွားပါတယ်။ ဆေးရုံရောက်မှ မနေ့က သေသွားတာ။ သေသွားတဲ့စစ်သားက တပ်သားအဆင့်ဘဲ" လို့ သူက ဆက်ပြောပါတယ်။

မနေ့က မကွေးတိုင်း၊ ရေနံချောင်းမြို့ စည်ပင်ရုံးရှေ့နဲ့ စိုက်ပျိုးရေးဘဏ်ရုံးရှေ့တွေမှာ ရေနံချောင်း PDF နဲ့ ကျောက်ပန်းတောင်း KDF တို့ပူးပေါင်းပြီး သတိပေးတဲ့အနေနဲ့ ဒီကနေ့  နေ့လည် ၁၂ နာရီခန့်က တပြိုင်တည်း ဗုံးဖေါက်ခွဲခဲ့ရာ စည်ပင်ရုံးစောင့် စစ်သားတဦး ဗုံးထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

အခုတခါအပါအဝင် ရေနံချောင်းမြို့မှာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တာ ၉ ကြိမ်မြောက်ရှိပြီဖြစ်ပြီး၊ အခုအကြိမ်ဟာ ပထမဆုံး စစ်သားသေဆုံးခြင်းဖြစ်ကြောင်း သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

စည်ပင်ရုံးဗုံးပေါက်ကွဲမှုကြောင့် အစောင့်စစ်သားဗုံးထိ သေဆုံး စည်ပင်ရုံးဗုံးပေါက်ကွဲမှုကြောင့် အစောင့်စစ်သားဗုံးထိ သေဆုံး Reviewed by THITHTOOLWIN on 18:00 Rating: 5

No comments:

Powered by Blogger.