တိုက်ပွဲတွင်းဖမ်းမိခဲ့သူ စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးသဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံ


ရေစကြို၊ နိုဝင်ဘာ ၂၁၊ ၂၀၂၁။

PDF ၃ဖွဲ့ရဲ့တိုက်ခိုက်ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ မနေ့က ထွက်ပြေးသွားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီးသေဆုံးသွားခဲ့တယ်လို့ MG6 ပြောက်ကျားတပ်ရဲ့ ခေါင်းဆောင်ဆီက သိရပါတယ်။

နိုဝင်ဘာ ၂၀ရက် နေ့လယ်ပိုင်းမှာ မကွေးတိုင်းရေစကြိုမြို့နယ် ရေလယ်ကျွန်းပေါ်က ရွာတွေကို မွှေနှောက်ဖမ်းဆီးပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတဲ့ စစ်အုပ်စုကို MG6 ပြောက်ကျားတပ်၊ YSO NO.1 နဲ့ ရေလယ်ကျွန်းပြောက်ကျားတပ်တို့ ပူးပေါင်းတိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်သားတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဗိုလ်ကျော်လင်းထွန်းက ပြောပါတယ်။

" ပစ်ရင်းခတ်ရင်း မိတာ သူ့ကောင်တွေက ပြန်မကောက်ဘူး ထားခဲ့တာ၊ ကြိုးချည်ထားတာကို အလစ်မှာထွက်ပြေးတာကို ပြန်ပစ်ဖမ်းလိုက်တာ" လို့ ပြောပါတယ်။

သေဆုံးသွားသူ စစ်ကောင်စီတပ်သားဆီက AK 47 သေနတ်တစ်လက်၊ ကျည် ၅၄တောင့်၊ ၆၀ မမ ကျည်ဖူး ၁ဖူး တို့ရရှိခဲ့ပြီး PDF တွေကပဲ သင်္ဂြိုလ်ပေးခဲ့လိုက်ရတယ်လို့ သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 



တိုက်ပွဲတွင်းဖမ်းမိခဲ့သူ စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးသဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံ တိုက်ပွဲတွင်းဖမ်းမိခဲ့သူ စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးသဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံ Reviewed by THITHTOOLWIN on 19:46 Rating: 5

No comments:

Powered by Blogger.