ကောက်သစ်စားပွဲအတွက် စပါးကြိတ်ပြီး ပြန်လာတဲ့ ကွတ်ခိုင်က ဒေသခံ ၃ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး



နိုဝင်ဘာ ၂၇ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာမှာ စပါးကြိတ်ပြီး ပြန်လာတဲ့ လူငယ် ၃ ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်မှုကြောင့် ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရသူ ၃ ဦးဟာ ကောင်းလိမ်ကျေးရွာခံဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီမှာ ကောက်သစ်စားပွဲ လုပ်ဖို့အတွက် နမ့်ကွတ်ရွာမှာ စပါးသွားကြိတ်ခဲ့တာပဲ ဖြစ်ပါတယ်။

နမ့်ကွတ်ရွာခံတစ်ဦးက “အရင်တုန်းက မဖြစ်ဖူးဘူး။ မေးတော့လည်း သူတို့ မသိဘူးတဲ့ နည်းနည်းမှောင်နေပြီဆိုတော့။ အဲဒီတစ်ယောက်က အသက် ၃ နှစ်၊ ၉ နှစ်နဲ့ (၂၂)နှစ်အရွယ် ကလေးအဖေဖြစ်တယ်။ ကလေးအဖေက ဆုံးသွားပြီ” လို့ ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိ ပြည်ထောင်စုလမ်းမပေါ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်ဟာ အာဏာသိမ်း စစ်ကောင်စီပဲ ရှိတယ်လို့ ၎င်းက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူဟာ ဂွမ်းအောင်ဖြစ်ပြီး ၎င်းတို့ဟာ သာမန်အရပ်သားသာဖြစ်ပြီးတော့ ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။


Shwe Phee Myay News Agency 

ကောက်သစ်စားပွဲအတွက် စပါးကြိတ်ပြီး ပြန်လာတဲ့ ကွတ်ခိုင်က ဒေသခံ ၃ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး ကောက်သစ်စားပွဲအတွက် စပါးကြိတ်ပြီး ပြန်လာတဲ့ ကွတ်ခိုင်က ဒေသခံ ၃ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:49 Rating: 5

No comments:

Powered by Blogger.