ရေဖြူ မြို့နယ်မှာ စစ်ကောင်စီတပ် ကားတွေ ပစ်ခတ်ခံရ ၂ ဦးသေဆုံး ၄ ဦးဒဏ်ရာရ


ရေဖြူ ၊ နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြိုနယ်၊ သောင်းရင်းအင်းကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ကားတွေ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ညက ဖားချောင်းကျေးရွာနေ စစ်ကောင်စီသတင်းပေး ဦးကျော်ဦး ပစ်သတ်ခံရပြီး နေအိမ်မီးရှို့ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ယနေ့မနက် ၈ နာရီခန့်မှာ ဦးကျော်ဦး ပစ်သတ်ခံရမှုကို လာစစ်ဆေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ကား ၃ စီးကို အမည်မသိ လူတစ်စုက ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"ညက ဖြစ်တဲ့ကိစ္စကို လာစစ်တဲ့ အဖွဲ့ ပစ်ခတ်ခံရတယ်လို့ သိရတယ်။ မိုင်းလဲ ဆွဲခံရတယ်။ ပြီးတော့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြတယ်။ သူတို့က သာသနာ ကားတစ်စီးကို အရှေ့ကထားပြီး ဝင်လာတာ။ ပစ်တဲ့အဖွဲ့တွေက သူတို့ကားတွေကို ရွေးပစ်တာ။ စကစ ဘက်က ထိခိုက်သေဆုံးသူတွေရှိလို့ ဖားချောင်းဘက်ကို ဆက်မသွားနိုင်တော့ဘူး''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီဘက်က ကားတစ်စီးပျက်စီးပြီး ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေရဲ့ ကားကို အသုံးပြုပြီး ကံပေါက်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

ရေဖြူ မြို့နယ်မှာ စစ်ကောင်စီတပ် ကားတွေ ပစ်ခတ်ခံရ ၂ ဦးသေဆုံး ၄ ဦးဒဏ်ရာရ ရေဖြူ မြို့နယ်မှာ စစ်ကောင်စီတပ် ကားတွေ ပစ်ခတ်ခံရ ၂ ဦးသေဆုံး ၄ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 17:05 Rating: 5

No comments:

Powered by Blogger.