ရေဦးမြို့နယ်ထဲမှာ ပဒေသာမိုင်းကွဲလို့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၅ ဦးသေ



နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း - ရေဦးမြို့နယ် လက်မထောင်ချောင်းနားမှာ နိုဝင်ဘာ ၁၄ ရက်နေ့ ဒီကနေ့မနက်ပိုင်းက ပဒေသာမိုင်းကွဲလို့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ဦး သေဆုံးကြောင်း သိရှိရပါတယ် ။

အဲ့ဒီတိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဝေဟင်စွန်ရဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ် ။ အဲ့ဒီနောက်စကစ တပ်များရောက်ရှိလားပြီး အဲ့ဒီနားတစ်ဝိုက်မှာရှိတဲ့ ညောင်လည်ရွာ ရွာအိုင်းရွာတို့ကို အကြမ်းဖက် စကစတပ်တွေက ဝင်ရောက် မွှေနောက်နေတယ်လို့ သိရပါတယ် ။

ရွာပြင်မှာရှိတဲ့ တဲတွေကိုမီးရှို့ဖျက်ဆီးပြီး ရွာအိုင်းရွာမှ နေအိမ် ၃လုံးလည်း မီးရှို့ဖျက်ဆီခံခဲ့ရတယ်လို့ သိရပါတယ်။ အခုချိန်ထိလဲမိုင်းတွေ ကွဲနေတုန်းလို့ ဒေသခံတစ်ဦးက ဇေယျာတိုင်းကိုပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒီတိုက်ခိုက်မှုကို ပျောက်ကျားပုံစံနဲ့ တိုက်ခိုက်ခဲ့ပြီး စကစတပ်သားတွေလဲအဲ့ဒီကျေးရွာတွေအနားမှာ တပ်ဖြန်နေတယ်လို့ သိရှိရပါတယ် ။

Zayartime Media-ဇေယျာတိုင်း မီဒီယာ

ရေဦးမြို့နယ်ထဲမှာ ပဒေသာမိုင်းကွဲလို့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၅ ဦးသေ ရေဦးမြို့နယ်ထဲမှာ ပဒေသာမိုင်းကွဲလို့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၅ ဦးသေ Reviewed by THITHTOOLWIN on 19:57 Rating: 5

No comments:

Powered by Blogger.