သျှမ်းပြည် အတွင်း စစ်ကောင်စီက ကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်နေ


နိုဝင်ဘာ ၃၀

သျှမ်းပြည်နယ်အတွင်းရှိ  မြို့နယ် (၁၄)မြို့နယ်မှ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက စီစဉ်နေလျက်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက သျှမ်းပြည်အတွင်းရှိ မြို့နယ် ၁၄ ခုမှ ကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်နေခြင်းသည် မသင့်သော်ကြောင်း၊ ကိုဗစ် ၁၉ ရောဂါလည်း ပပျောက်မှုမရှိသေးကြောင်း သျှမ်းပြည်တောင်ပိုင်း ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကိုဗစ် က အကုန်ပျောက်သွားပြီ မဟုတ်ဘူး။ ကျန်ရှိနေသေးတယ်။ ပြန်ဖွင့်တာတော့ မကောင်းသေးဘူး။ ကျဆင်းလာတယ်ဆိုပေမဲ့ မတွေ့တော့တာ မဟုတ်ဘူး။ ၁ ယောက်စ ၂ ယောက်စ တွေ့နေသေးတယ်။ ကျောင်းပြန်ဖွင့်ရင် ပိုကူးစက်လာနိုင်တယ်” ဟု သျှမ်းပြည်အတွင်းမှ ပရဟိတ အဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

ထို့အပြင် ကျောင်းပြန်ဖွင့်ခြင်းသည် ကိုဗစ် ၁၉ ပိုးကူးစက်မှုကို ပိုတွေ့လာစေနိုင်ကြောင်း၊ ကျောင်းသားများအနေဖြင့်လည်း စာနဲ့ဝေးသွားနိုင်ကြောင်း အထက်ပါလူက ပြောသည်။

“ကျောင်းပြန်ဖွင့်ရင်တော့ ကိုဗစ်တွေ ပိုတွေ့လာနိုင်တာပေါ့။ တချို့ ကလေးတွေ အတွက်လည်း ပညာရေးက နောက်ကျလာပြီလေ။ ကျနော်တို့ မဖွင့်စေချင်ပေမဲ့ ကလေးတွေအတွက်လည်း ကြည့်ရအုံးမယ်လေ” ဟု အထက်ပါလူက ပြောသည်။ 

ကျောင်းပြန်ဖွင့်ခိုင်းသော်လည်း စစ်ကောင်စီ လက်အောက်တွင် ကျောင်းပြန်မတက်နိုင်ကြောင်း လဲချားမြို့ အထက်တန်းကျောင်းသားတစ်ဦးက ပြောသည်။

“ပြန်ဖွင့်လည်း ကျနော်တို့ သူငယ်ချင်းအဖွဲ့တွေတော့ မတက်ဘူး။ စစ်ကောင်စီလက်အောက်တော့ အသက်ကြီးလည်း နေပါစေ။ ကျနော်တို့တော့ ကျောင်းပြန်မတက်နိုင်ဘူး” ဟု လဲချားမြို့ အထက်တန်းကျောင်းသားတစ်ဦးက ပြောသည်။ 

အဆိုပါ ပြန်ဖွင့်မည့် ကျောင်းများမှာ သျှမ်းမြောက်တွင် (၇) မြို့နယ်၊ သျှမ်းတောင်တွင် (၅) မြို့နယ်နှင့် သျှမ်းရှေ့တွင် ၂ မြို့နယ်တို့ကို ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ထိုမြို့နယ်များမှာ ဟိုပုံမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ လဲချားမြို့နယ်၊ နမ့်စန်မြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ နောင်ချိုုမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မဘိမ်းမြို့နယ်၊ လားရှိုးမြို့နယ်၊ သီန္နီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်တို့ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းဆရာ/မများ အာဏာဖီဆန်ရေး CDM တွင် ပါဝင်လှုပ်ရှားမှုလည်း များစွာရှိလာကြောင်း သိရသည်။


SHAN News (Burmese Version) 

သျှမ်းပြည် အတွင်း စစ်ကောင်စီက ကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်နေ သျှမ်းပြည် အတွင်း စစ်ကောင်စီက ကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်နေ Reviewed by THITHTOOLWIN on 21:28 Rating: 5

No comments:

Powered by Blogger.