မန္တလေး ၄၁ လမ်း ညစျေးတွင် ပေါက်ကွဲမှုဖြစ်၊ စျေးဝယ်လာသော စကစများ ဗုံးပစ်ခံရ

မန္တလေးမြို့ ၄၁လမ်း ကုန်စိမ်းတန်း ညစျေ

MFP ၊ နိုဝင်ဘာ - ၂၄

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် ကမ်းနားလမ်းပေါ်ရှိ ဝေယံထွန်းစျေး ခေါ် ကုန်စိမ်းတန်း ညဈေး အနီးတွင် ယနေ့ နိုဝင်ဘာ (၂၄)ရက် မနက် (၇)နာရီကျော်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဈေးလာဝယ်သော စကစကားကို ဗုံးဖြင့် ပစ်သွားခြင်းဖြစ်ပြီး ပေါက်ကွဲပြီးချိန် စစ်အုပ်စုက ရမ်းကားပစ်ခတ်သဖြင့် ဒေသခံ အမျိုးသမီး တစ်ဦး လည်ပင်းတွင် ရှပ်ထိကာ သေနတ်မှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက MFP သို့ ပြောသည်။

"စကစကားက ဈေးလာဝယ်တာ။ ဗုံးပစ်ခံရတာ။ ဈေးသည်တွေလည်း ထွက်ပြေးကြတယ်" ဟု ဒေသခံတစ်ဦးက MFP သို့  ပြောသည်။

ပေါက်ကွဲမှုကြောင့် စကစများ ထိခိုက်မှုမရှိဘဲ  ၎င်းတို့က ရမ်းကားပစ်ခတ်သဖြင့် အရပ်သားပြည်သူ အမျိုးသမီး နှစ်ဦး ထိမှန်ဒဏ်ရာရသည်ဟု သတင်းကြားကြောင်း အချို့ကလည်း ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရမှု အခြေအနေများကို MFP အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

လက်ရှိတွင် စစ်ကောင်စီ လက်နက်ကိုင်များက ကုန်စိမ်းတန်း ညစျေးအနီးဝန်းကျင် လမ်းများကို ပိတ်ဆို့ထားကာ ရမ်းကားသောင်းကြမ်းနေသည်ဟု မြို့ခံများက ပြောသည်။

Mandalay Free Press - MFP

မန္တလေး ၄၁ လမ်း ညစျေးတွင် ပေါက်ကွဲမှုဖြစ်၊ စျေးဝယ်လာသော စကစများ ဗုံးပစ်ခံရ မန္တလေး ၄၁ လမ်း ညစျေးတွင် ပေါက်ကွဲမှုဖြစ်၊ စျေးဝယ်လာသော စကစများ ဗုံးပစ်ခံရ Reviewed by THITHTOOLWIN on 10:36 Rating: 5

No comments:

Powered by Blogger.