ကျောက်ပန်းတောင်းမြို့နယ် ရေငံရွာတွင် အသက်(၁၀)နှစ်အရွယ် ကလေးငယ် အပါအဝင် (၁၂)ဦးကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွား


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျားနေအိုင့်ကျေးရွာအုပ်စုအတွင်း ရေငံရွာမှ အသက်(၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် (၁၂)ဦးကို အာဏာသိမ်းစစ်တပ်က  အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွားသည့်အပြင် ကျေးရွာတွင်းမှ ကားနှင့်ငွေများကိုပါ ယူဆောင်သွားကြောင်း သိရသည်။

၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်(၆)နာရီခွဲဝန်းကျင်အချိန်က အာဏာသိမ်းစစ်တပ်က သေနတ်များကိုင်ဆောင်ကာ အရပ်ဝတ်များဖြင့် ရေငံရွာသို့ ဝင်ရောက်ပြီး အချို့နေအိမ်များအတွင်း ရှာဖွေခြင်းများ ပြုလုပ်ပြီး ၎င်းတို့ ရှာဖွေလိုသူကို မတွေ့ရ၍ ငွေနှင့် မှတ်ပုံတင်အပြင် ကားတို့ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

"အရပ်ကား(၃)စီးနဲ့ လက်နက်တွေပါတဲ့ အရပ်ဝတ်လူ (၂၅)ဦးခန့်က ရေငံရွာကို ရောက်လာပြီး (၁၂)ဦးကို (၂၁)ရက်နေ့ နံနက်(၆)နာရီခွဲခန့်က ကျောက်ပန်းတောင်းကို ဖမ်းသွားတယ်။ ရေငံရွာက ကိုဆန်းဝင် နဲ့ ကိုဝင်းဦးတို့ရဲ့ မော်တော်ယာဉ် (၂)စီးကိုလည်း ယူသွားတယ်။ ကိုဘိုတောကို အိမ်မှာ မတွေ့လို့ သူ့ရဲ့ မှတ်ပုံတင်နဲ့ ငွေ(၁၀)သိန်းလည်း ယူသွားတယ်။ ရွာကိုလည်း မီးနဲ့ရှို့မယ်လို့ ကြိမ်းသွားသေးတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ  ကိုနိုင်ထူး၊ ကိုမောင်မောင်၊ ကိုကျော်ဆန်းလင်း၊ ကိုဇော်၊ ကိုခင်မောင်သိန်း၊ ကိုဘိုအောင်၊ ကိုကျော်သူ၊ ကိုဇော်ဌေး၊ ကိုလင်းလင်း၊ ကိုထွန်းထွန်းနိုင်(ခ) ဂျပ်ပြား နှင့် ကျောင်းဆရာ ဦးအေးကို အပြင် (၄)တန်းကျောင်းသား မောင်နေလင်းတို့ ပါဝင်ကြောင်း သိရသည်။ 

ဖမ်းဆီးခံသူအားလုံးသည် အသက် (၂၀)ကျော်မှ အသက်(၃၀)ကျော် အမျိုးသားများဖြစ်ကြပြီး လက်ရှိတွင် ၎င်းတို့အား မည်သည့်နေရာတွင် ထားရှိသည်ကို မသိရသေးကြောင်း သိရသည်။


Tachileik News Agency

ကျောက်ပန်းတောင်းမြို့နယ် ရေငံရွာတွင် အသက်(၁၀)နှစ်အရွယ် ကလေးငယ် အပါအဝင် (၁၂)ဦးကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွား ကျောက်ပန်းတောင်းမြို့နယ် ရေငံရွာတွင် အသက်(၁၀)နှစ်အရွယ် ကလေးငယ် အပါအဝင် (၁၂)ဦးကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွား Reviewed by THITHTOOLWIN on 00:06 Rating: 5

No comments:

Powered by Blogger.